ကိုးကန့်ဒေသတွင် သိန်း ၆၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 9, 2019

ကိုးကန့်ဒေသတွင် သိန်း ၆၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ ငွေကျပ် သိန်းပေါင်း ၆၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေး အမှုန့်၊ ဘိန်းကြမ်းမှုန့်၊ စိတ်ကြွးဆေးထုတ်စက်နှင့် မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖေဖော်ဝါရီလ ၇ ရက်၊ ည ၆ နာရီခန့်တွင် ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
 
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကုန်းကြမ်းမြို့နယ်၊ ရှောက်ကျုံးရှမ်း ကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့် ဦးရီလောင်စူး (ခ) ဦးရီလောင်ကျူး၏ နေအိမ်သို့ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက် ရှာဖွေရာ နေအိမ်နံရံအတွင်း သိုဝှက်ထားသော စုစုပေါင်း ကျပ်သိန်းပေါင်း ၆၆၃၇ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၂ ဒသမ ၅ ကီလိုဂရမ်ခန့်၊ အိုက်စ် ၁ ဒသမ ၅ ကီလိုဂရမ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးအမှုန့် ၇ ဒသမ ၄ ဂရမ်ခန့်၊ အနီရောင်အမှုန့်  ၂ ကီလိုဂရမ်ခန့်၊ အဝါရောင်အမှုန့် ၂ ကီလိုဂရမ်ခန့်၊ အဆင့်နိမ့် ဘိန်းကြမ်းမှုန့် ၁၆ ကီလိုဂရမ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ် စက်တစ်လုံးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းကြမ်းမြို့ရဲစခန်းသို့ အပ်နှံ၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုလှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube