ရပ်စောက်မြို့တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ မြို့နယ်ရုံးခွဲ ဖွင့်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 5, 2019

ရပ်စောက်မြို့တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ မြို့နယ်ရုံးခွဲ ဖွင့်မည်


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက် မိုးကုတ်ဝိပဿနာအနီးတွင် ညီညွတ် သော ဒီမိုကရက်တစ်ပါတီ (United Democratic Party )၏ မြို့နယ်ရုံး ခွဲကို ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ် သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 
.
 
.
''မြို့နယ် ကော်မရှင်ကို အ ကြောင်းကြားပြီးပါပြီ။ အထက်လူကြီး တွေနဲ့တိုင်ပင်ပြီး ဖေဖော်ဝါရီလဆန်း ပိုင်းမှာ ဖွင့်နိုင်ဖို့ ကြိုးပမ်းနေပါတယ်'' ဟု ရပ်စောက်မြို့နယ်ညီညွတ်သော ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (စည်းရုံးရေးမှူး) ဦးသောင်းကြည်မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
UDP ပါတီ၏ကော်မတီ၊ ပါတီ ဖွဲ့စည်းရန်၊ လိုအပ်သည့်အသင်းအဖွဲ့ ဖွဲ့စည်းပုံအင်အား၊ ပါတီ၏လုပ်ဆောင်မည့် လုပ်ငန်းစဉ်နှင့် ပါတီဝင် အင်အားတို့ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါ ရီလ ၁၈  ရက်နေ့တွင်မြို့နယ် ကော်မရှင်သို့ တရားဝင် တင်ပြခဲ့ပြီးဖြစ် ကြောင်း သိရသည်။
 .
ရပ်စောက်မြို့နယ်တွင် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကာ လက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊  တိုင်းရင်းသား စည်းလုံးရေး နှင့် ညီညွတ်ရေးပါတီ (တစည)၊ ဖယ်ဒရယ်ပြည်ထောင်စုပါတီ၊ ရှမ်းတိုင်းရင်း သားဒီမိုကရေစီပါတီတို့ပါဝင် ယှဉ် ပြိုင်ခဲ့ကြပြီး ယခုဝင်ရောက်လာသည့်  UDP ပါတီနှင့်ဆိုပါက ပါတီ ၆  ခုရှိ မည်ဟု မြို့နယ်ကော်မရှင်ရုံးမှ သိရသည်။
.
ညီညွတ်သောဒီမိုကရက်တစ် ပါတီ UDP သည် ၂ဝ၁ဝ ခုနှစ်၊ မေလ ၁၆ ရက်တွင် စာအမှတ် ၃/ ရကပ -၁/ ကမရ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ နေပြည်တော်မှ ပါတီမှတ်ပုံတင်အမှတ် (၁၆)ဖြင့် တရားဝင် ဖွဲ့စည်းခွင့်ရခဲ့သည့် ပါတီတစ် ခုဖြစ်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂ဝ၁၅ ခုနှစ်အထွေထွေရွေး ကောက်ပွဲတို့တွင်လည်း ပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း သိရသည်။
.
ပါတီကိုယ်စားပြုအလံကို ပြာ၊ ဖြူ၊ နီ သုံးရောင်ချယ်မှုန်းထားပြီး အ လယ်တွင် ငြိမ်းချမ်းရေးသင်္ကေတဂျိုး ဖြူငှက်ပုံ ဖော်ကြူးထားသည်။ အနီ ရောင်နှင်းဆီပန်းကို ပါတီသင်္ကေတ အမှတ်တံဆိပ်အဖြစ်အသုံးပြုမည်ဖြစ် ကာ၊ အခြေခံမူဝါဒ ၆ ရပ်၊ ရည်မှန်း ချက် ၁၂ ရပ်တို့ထားရှိ၍ အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
UDP ပါတီအနေနှင့် ၂ဝ၁၅ ရွေး ကောက်ပွဲအကြိုကာလ၌ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) အင်အားကြီးပါတီများ နိုင်ငံရေးချိန်ခွင်လျှာ မျှတစေရန်နှင့် လွှတ်တော်အတွင်း စောင့်ကြည့်နိုင် ရန် ဒီမိုကရေစီတတိယနိုင်ငံရေးအင် အားစုဟုခေါ်သည့် ဖယ်ဒရယ်ဒီမိုက ရေစီ မဟာမိတ် (FDA) ကို ပါတီ ပေါင်း ၁၁ ခုဖြင့် ဖွဲ့စည်းခဲ့ရာ အဆိုပါ အဖွဲ့တွင် ပါဝင်ခဲ့သည်။
.
ယင်းကာလမှာပင် အမျိုးသားဒီမို ကရေစီအင်အားစုပါတီ (NDF) နှင့် (UDP) ပါတီတို့ ညီနောင်ပါတီအ ဖြစ် ပူးပေါင်း၍ ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၃ဝဝ ခန့်၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ဟု  သိရသည်။
.
UDP ပါတီမှ ရှမ်းပြည်နယ်သို့ ၂ဝ၁၉ ခုနှစ်တွင် ရောက်ရှိ၍ ဇန်နဝါ ရီလ ၂၆ ရက်က ကလောမြို့နယ်၊ ၂၉ ရက်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဆီဆိုင်မြို့နယ်နှင့် ၃၁  ရက်နေ့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ် တို့တွင် မြို့နယ်ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီး ဖေဖော် ဝါရီလ ၅ ရက်တွင် ရပ်စောက်မြို့ နယ်နှင့် တစ်ပြိုင်တည်း လွိုင်လင်နှင့် နမ့်စန်တို့တွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့ကာ ညောင်ရွှေ၊ ဟိုပုံး၊ မိုင်းကိုင်နှင့် ကျေး သီး အပါအဝင် ရှမ်းပြည်နယ် အ ရှေ့ပိုင်းနှင့် မြောက်ပိုင်း တို့ကိုပါ ဆက်လက် ချိတ်ဆက်သွားမည် ဖြစ် ကြောင်း၊့ီဏ ပါတီရုံးချုပ်မှာ ရန် ကုန်တွင်ရှိပြီး လက်ရှိပါတီဥက္ကဌ ဦး ကျော်မြင့်မှ ဦးဆောင်လျက်လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လိုအပ် သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ဟု ရှမ်းပြည်နယ် တောင်ပိုင်း UDP ပါတီ တာဝန်ခံ ဦးမြငြိမ်းမှ ပြောကြားခဲ့သည်။
.

No comments:

Post a Comment

Recent Tube