ကျိုင်းတုံတွင် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ်များကို မူရင်းသတ်မှတ်ဈေးဖြင့်သာ ရောင်းချနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 14, 2019

ကျိုင်းတုံတွင် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ်များကို မူရင်းသတ်မှတ်ဈေးဖြင့်သာ ရောင်းချနေ


ထက်တိုင်းကျော်
.
၂ဝ၁၉ ခုနှစ်၊ မတ်လ ၁ ရက် တွင် ဖွင့်လှစ်မည့် ကျပ်သိန်းတစ်သောင်းခွဲဆုမဲပါဝင်သည့် ပထမအကြိမ် အောင်ဘာလေ ထီလက်မှတ်များကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မူရင်းသတ်မှတ်ထားသော တန်ဖိုးအတိုင်းသာ ကျပ်တစ် ထောင်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ ပုဂ္ဂ လိက ထီလက်မှတ် ရောင်းချနေသူအချို့သည် အစိုးရ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ရောင်းချပေးသည့် ကျပ် ၅ဝဝ တန် ထီလက်မှတ်များ ကို ကျပ် ၆၅ဝ နှုန်းဖြင့် ရောင်းချပေး မှုများရှိနေရာ ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ် ထောင်တန် ထီလက်မှတ်များအား ဈေးနှုန်း ပိုမိုရောင်းချမည်ကို ဒေသခံ ထီကံစမ်းသူများမှ စိုးရိမ်နေကြကြောင်း သိရသည်။

.
''ကျိုင်းတုံမြို့နယ်က ပြည်သူတွေအတွက် မှန်ကန်တဲ့ ထီဈေးနှုန်းနဲ့ ကံစမ်းနိုင်စေဖို့ ရည်ရွယ်ပြီး အမြတ်နည်းနည်းနဲ့ စောင်ရေများများ ရောင်းနိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်'' ဟု ကျိုင်းတုံမြို့၊ ယမုံနာနွားနို့၊ ဒိန်ချဉ်နှင့် အောင်ဘာလေ ထီလက်မှတ်အရောင်းဆိုင်မှ ဦးမောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ထီလက်မှတ်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံ တစ်ဦးမှလည်း ''ကျွန်တော်တို့က မြို့ပေါ်မှာ နေရာအနှံ့ သွားနေရတော့ ဘယ်ထီဆိုင်က ဘယ်ဈေးရောင်း တယ်ဆိုတာ သိပါတယ်။ စေတနာ ထားပြီးလုပ်နေတဲ့ ယမုံနာဆိုင်ကတော့ သူ့ဆိုင်မှာ ကုန်ပစ္စည်းလက်ကျန်ဆိုတာ မရှိအောင် ရောင်းနေရတာကို သတိထားမိပါတယ်''ဟု ၎င်း၏အမြင်ကို ပြောသည်။
.
လာမည့် မတ်လ ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဆုတွင် ကျပ် ၅ သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၁၅ဝဝဝ အထိ ဆုမဲများအပါအဝင် ဝေဝေဆာ ဆာပဒေသာ ဆုမဲများကိုလည်း ချီး မြှင့်သွားမည် ဖြစ်သည်။
.

No comments:

Post a Comment

Recent Tube