အေးသာယာမြို့တည် နှစ် ၃ဝ ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် ပုလဲပန်းမဂ္ဂဇင်း ထုတ်ဝေမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 9, 2019

အေးသာယာမြို့တည် နှစ် ၃ဝ ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် ပုလဲပန်းမဂ္ဂဇင်း ထုတ်ဝေမည်



 ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တည် နှစ် ၃ဝ ပြည့် ပုလဲရတုအထိမ်းအမှတ် ပုလဲပန်းမဂ္ဂဇင်းအား မေလ ၁ ရက်၌ ထုတ်ဝေမည်ဖြစ်ပြီး အေးသာယာမြို့နှင့် ပတ်သက်ဆက်နွယ်သော သမိုင်း ဆိုင်ရာ စာမူများ၊ အေးသာယာ မြို့အား ခံစားရေးဖွဲ့ထားသော သုတ ရသစာမူများနှင့် အခြားသုတ၊ ရသ၊ စာမူများဖြစ်သည့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများနှင့် အက်ဆေးစာမူများ ပေးပို့နိုင်ကြောင်း မဂ္ဂဇင်းဖြစ် မြောက်ရေး ကော်မတီထံမှ သိရသည်။
.
.
''မဂ္ဂဇင်းထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ရတုတစ်ခုကို ရောက် ရှိလာတဲ့ မြို့တစ်မြို့ရဲ့ သမိုင်းကို စာပေ မှတ်တမ်းတင်ပြီး သမိုင်းတန်ဖိုး တစ်ခု ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တာပါ။ နောက်တစ်ခုက စာပေပညာရှင် မျိုးဆက်သစ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက်လည်း ရည်ရွယ်ပါ တယ်။ မြို့တည် ၂၅ နှစ်ပြည့် ငွေရ တု အထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့ပြီးပါပြီ။ နောင်လာမယ့် မြို့ တည်ခြင်း ရတု အဆက်အဆက် မဂ္ဂ ဇင်းကိုလည်း ဆက်လက်ထုတ်ဝေနိုင် ဖို့အတွက် မြို့ရဲ့ တာဝန်ရှိသူတွေ၊ ဒေသခံ စာရေးဆရာတွေက ဆက် လက် ထုတ်ဝေ သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်''ဟု ပုလဲပန်း မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီ မှ ဦးစိုင်းထွန်းနောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရတုတစ်ခုသို့ ရောက်ရှိလာသော အေးသာယာမြို့ကို မမေ့မလျော့တန် ဖိုးထား သိမှတ်ဂုဏ်တင်နိုင်ရန်၊ မြို့ သမိုင်းအား မဂ္ဂဇင်းဖြင့် မှတ်တမ်းတင်ကာ သမိုင်းတန်ဖိုးတစ်ခု ထုတ်ဖော်နိုင်ရန်၊ ရတုအဆက်ဆက်ကို လမ်း ဖွင့်လက်ကမ်း သယ်ဆောင်ပေးရန်၊ မြို့၏ ဖွံ့ဖြိုးတိုးတက်မှုအား လမ်းဖွင့်နှိုးဆော်နိုင်ရန် ၊ စာပေပညာရှင်မျိုး ဆက်သစ်များ ပိုမိုပေါ်ပေါက်ဖွံ့ဖြိုးတိုး ပွားလာစေရန်၊ ဒေသခံပြည်သူများ အား ကောင်းမွန်သော လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများ တစ်ပိုင်တစ်နိုင် ဖြန့်ဝေ လက်ကမ်းနိုင်ရန်၊ ဒေသတွင်းတိုင်း ရင်းသား စည်းလုံးညီညွတ်ရေးကို မ ထိခိုက်စေဘဲ မိမိတို့ အမြတ်တနိုးတန် ဖိုးထားရှိသော စာပေယဉ်ကျေးမှု အ နုပညာနှင့် ဓလေ့ ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်မှုအား အားပေးကူညီရန်တို့အတွက် ရည်ရွယ် ၍ မဂ္ဂဇင်းထုတ်ဝေရခြင်းဖြစ်ကြောင်း ပုလဲပန်း မဂ္ဂဇင်းဖြစ်မြောက်ရေးကော် မတီ၏ ထုတ်ပြန်ချက်များအရ သိရ သည်။
.
အဆိုပါ ပုလဲပန်းမဂ္ဂဇင်းသို့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများနှင့်  အက်ဆေးစာမူများအား ဖေဖော်ဝါ ရီလ ၂၈ ရက် မတိုင်မီ ပေးပို့နိုင်ပြီး မရွေးချယ်ဖြစ်သော စာမူများအား ပြန်လည် ပေးပို့မည် မဟုတ်ကြောင်း သိရသည်။
.
အေးသာယာမြို့အား ၁၉၈၉ ခု နှစ် မတ်လ ၁ ရက်၌ မြို့အဖြစ်စတင် သတ်မှတ်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁ ရက်တွင် နှစ် ၃ဝ ပြည့်မြောက်မည် ဖြစ်သော်လည်း နှစ် ၃ဝ ပြည့် ပုလဲ ရတုအထိမ်းအမှတ် မဂ္ဂဇင်းအား မေ လ ၁ ရက်မှသာ ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube