ကမ္ဘောဇတိုင်း ၄ နှစ်ပြည့် အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇတိုင်း ၄ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ် ကိုယ်စားပြုအဖြစ် အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည့် ကမ္ဘောဇတိုင်းသတင်းဂျာနယ် တည်ထောင်ခြင်း ၄ နှစ်ပြည့်နှင့် ဂျာနယ်စောင်ရေ ၂၀၀ ပြည့် အခမ်းအနားကို တောင်ကြီးမြို့ရှိ Royal Taunggyi Hotel တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၁ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
.
အခမ်းအနားတွင် ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒ၊ စာရေးဆရာ အရှင် စန္ဒာဝရ မြလင်းရောင်ခြည်ဦး၊ ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ကမ္ဘောဇတိုင်းမှ ဦးသန်းဝေ တို့က အမှာစကား ပြောကြားခြင်း၊ ကမ္ဘောဇတိုင်းမှ ဒေါက်တာ အောင်ကျော်က ကျေးဇူးတင်စကားများ ဆောင်ရွက်ခဲ့သည်။
.
ထို့နောက် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ ကမ္ဘောဇဘိလပ်မြေနှင့် လွိုင်ခမ်းအိမ်ယာ စီမံကိန်းတို့အား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ အကောင်းဆုံး သတင်းရေးသားသူဆု ရရှိသူ သတင်းထောက်ချုပ် မင်းဇော်မင်း၊ အကောင်းဆောင်းပါး ရေးသားသူဆု ရရှိသူ ဆောင်းပါးရှင် အောင်ဆန်းဝင်း၊ အကောင်းဆုံး ကဗျာ ရေးသားသူဆု ရရှိသူ မောင်အေးချမ်း(တောင်ကြီး)အား လည်းကောင်း၊ ဦးသန်းဝေမှ လုပ်ငန်း အကြိုးစားဆုံးဆု ရရှိသူ အယ်ဒီတာ ကိုစိုးနှင့် တာဝန် အကျေပွန်ဆုံးဆု ရရှိသူ အကြီးတန်း သတင်းထောက် ထက်တိုင်းကျော်တို့အား လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ပေးအပ်ခဲ့သည်။
.
ကမ္ဘောဇတိုင်းသတင်းဂျာနယ် တည်ထောင်ခြင်း ၄ နှစ်ပြည့်နှင့် ဂျာနယ်စောင်ရေ ၂၀၀ ပြည့် အခမ်းအနားသို့ တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်အတွင်းမှ ဧည့်သည်တော်များ၊ သတင်းစာ ဆရာများ၊ စာရေးဆရာများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား ၂၀၀ ကျော်ခန့် တက်ရောက် ချီးမြှင့်ခဲ့သည်။

Journal Download

Photo of three cats