ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခံရမှု စုစုပေါင်း ၁၇၉ ခုအထိ ရှိလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 15, 2019

ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခံရမှု စုစုပေါင်း ၁၇၉ ခုအထိ ရှိလာ


မင်းဇော်မင်း
.
ဆက်သွယ်ရေး ဥပဒေဖြင့် အ ရေးယူခံရမှုများသည် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ စုစုပေါင်း ၁၇၉ မှု ရှိလာပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါ ရီလအထိ ၃ လတာကာလအတွင်း တစ်လလျှင် ပျှမ်းမျှ ၅ မှုနှုန်း ရှိနေ ကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်(အသံ) အဖွဲ့၏ ၂ဝ၁၉ ခု နှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ထုတ်ပြန် ချက်အရ သိရသည်။
.
.
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဆက်သွယ်ရေးဥပဒေ ပြင်ဆင် ပြီးနောက်ပိုင်းတွင် ယင်းဥပဒေဖြင့် တရားစွဲဆိုခံရမှု ၇၇ ခု အထိရှိလာ ခဲ့ပြီး စုဆောင်းရရှိထားသော အ ချက်အလက်များအရ ဆက်သွယ် ရေးဥပဒေဖြင့် တရားရုံးတင်ပြီး အ မှုစုစုပေါင်း ၁၇၉ ခုအထိ ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
.
''ပြီးခဲ့တဲ့ နိုဝင်ဘာလထုတ် ပြန်ချက်မှာ ၁၆၄ မှု ရှိခဲ့တယ်။ အခု ၁၇၉ မှုဆိုတော့ ၃ လအတွင်းမှာ ၁၅ မှု တိုးလာတာဖြစ်တယ်။ ဒါ ဟာတစ်လကို ၅ မှုလောက်တက် လာနေတာ ဖြစ်ပါတယ်။ ဒီလိုတက် လာတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဖွဲ့က ထုတ်ပြန် ထောက်ပြနေတာက ဒီ ၆၆ (ဃ) ဟာ လူထုအတွက် မကောင်းတဲ့ လက္ခဏာ ဆောင်နေတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မကို ပြောင်းလဲခဲ့ပေမဲ့ အခုလို တိုးလာနေတာဟာ လူထုကို အကာ အကွယ်မဖြစ်စေတဲ့ ပုဒ်မဆိုတာ ထင် ရှားစေတာဖြစ်လို့ လုံးဝကို ပယ်ဖျက်သင့်တဲ့ ပုဒ်မဖြစ်ပါတယ်''ဟု အသံ အဖွဲ့မှ သုတေသန မန်နေဂျာ ကိုရဲ ဝေဖြိုးအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အသံအဖွဲ့မှ လစဉ်လိုလို ထုတ်ပြန်နေသော ထုတ်ပြန်ချက်များသည် ဆက်သွယ်ရေး ဥပဒေမှာ လူထုအ တွက် မလိုလားအပ်သော ဥပဒေတစ် ရပ်ဖြစ်ကြောင်းနှင့် အဆိုပါပုဒ်မကို ပြင်ဆင်သည် ဆိုသော်လည်း လုံ လောက်သည့် အကာအကွယ်ပေးနိုင်သည့်ပုဒ်မ မဟုတ်သည့် အနေအထားတွင်ရှိနေကြောင်း ၎င်းက ပြောသည်။
.
အဆိုပါ ဥပဒေအရ ယခင် အစိုးရလက်ထက်တွင် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရသော အမှု အရေအတွက် ၁၁ ခုသာ ရှိခဲ့သော်လည်း လက်ရှိအစိုးရလက် ထက်တွင် တရားစွဲဆိုခံရသော အမှု ၁၆၈ ခု ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment