မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် တောင်ကြီးမြို့မဈေးအတွင်း၌ မီးသတ်ရေလှောင်ကန် ၁၇ ကန်နှင့် မီးသတ်ဆေးဘူး ၅ဝဝ ကျော် ထားရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် တောင်ကြီးမြို့မဈေးအတွင်း၌ မီးသတ်ရေလှောင်ကန် ၁၇ ကန်နှင့် မီးသတ်ဆေးဘူး ၅ဝဝ ကျော် ထားရှိ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့မဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ် ရေလှောင်ကန် ၁၇ ကန် နှင့် မီးသတ်ဆေးဘူး ၅ဝဝ ကျော် ထားရှိထားပြီးဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့မဈေးတာဝန်ခံထံမှ သိရသည်။
.
.
''မြို့မဈေးအတွင်းမှာ မီးဘေးလုံ ခြုံရေးအတွက် မြေအောက်မှာ ဂါလန် ၁၄၅ဝဝ ဆံ့ တစ်ကန်ရှိတယ်။ ဂါလံ ၁၅ဝဝ ဆံ့က ၄ ကန် ရှိပါတယ်။ နောက်ပြီး အပေါ်ထပ် ခေါင်မိုးပေါ်မှာ ဂါလံ ၄ဝဝ ဆံ့ ၁၂ ကန်ထားရှိပေး ထားပါတယ်။ အဲဒါတွေက အရေးပေါ်ပိုက်လိုင်းတွေနဲ့ ဆွဲချထားပါ တယ်။ တကယ်လို့ ဖြစ်လာပြီဆိုရင် အဲဒီ ပိုက်စွပ်ပြီးတော့ ရေဘားဖွင့် လိုက်ရုံပါပဲ။ နောက်ပြီးတော့ မီး သတ်ဆေးဘူးလည်း အလုံး ၅ဝဝ စုဆောင်းထားပါတယ်။ ဈေးရုံတွေ မှာလည်း မီးသတ်ဆေးဘူးတွေ ချိတ် ဆွဲထားပါတယ်''ဟု မြို့မဈေးတာ ဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ထို့အတူ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင် ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့မဈေး တာဝန်ရှိသူများ ပူး ပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဈေးသူ/ဈေးသားများအား မီးသတ် ဆေးဘူး အသုံးပြုပုံများကို သင် ကြားပြသခြင်းနှင့် အသိပညာပေး ခြင်းများကို နှစ်စဉ် ပြုလုပ်ပေး လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားလာပါက ဈေးအတွင်းသို့ မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်နိုင်ရေးအတွက် ဈေးပတ်လမ်းအား ကွန်ကရစ် အသစ်ပြန်လည်ခင်းခြင်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိ ရသည်။
.
တောင်ကြီးမြို့မဈေးအတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊ ဆိုင်ခန်းပေါင်း ၁၇ဝဝ ကျော်ရှိပြီး ပျံကျဈေးသည်များလည်း အများအပြားရှိကြောင်းသိရသည်။
.

Journal Download

Photo of three cats