ကျိုင်းတုံမြို့တွင် တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများ စတင်အကောင်အထည် ဖော်လျက်ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 15, 2019

ကျိုင်းတုံမြို့တွင် တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများ စတင်အကောင်အထည် ဖော်လျက်ရှိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊အတွင်း တိုးချဲ့ရေပေး ဝေရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပန်ကြူကျေး ရွာအုပ်စု၊ နမ့်ကွီရေ ချောင်းမှ တောင်ကြီးလမ်းဘေးရှိ ၈ မိုင်ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းစဉ်အား ၂ဝ၁၉ ခုနှစ် အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့ တိုးချဲ့ရေပေးဝေရေးနှင့် ပတ်သက်၍ မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ''လာမယ့် မိုးမ ကျမီကာလမှာ ရေပိုက်တပ်ဆင်သွယ် တန်းခြင်းလုပ်ငန်းကို ပြီးစီးအောင် လုပ်ဖို့ လျာထားပါတယ်။ ဒီလုပ်ငန်း တွေ ပြီးစီးအောင်မြင်သွားမယ် ဆိုရင်တော့ ကျိုင်းတုံမြို့အနေနဲ့ ရေအတွက် စိတ်အေးသွားရမှာဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ပေါ် ၅ ရပ်ကွက်နှင့် ဌာနဆိုင်ရာများ၊ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် သောက်သုံးရေ ကောင်းမွန်ဖူလုံစွာ ရရှိစေရေးအတွက် ပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင် ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ် ၂၈၆ ဒသမ ၁၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
.
ယင်းကဲ့သို့ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံတစ်ဦးက ''မြန်မြန် ပြီးပါစေလို့ ဆုတောင်းပါတယ်။ ရေကို အပြင်ကနေ ဝယ်သုံးရလို့ မိသားစု ထွက်ငွေ သိသိသာသာပိုကုန်ပါတယ်။ နွေရာသီမှာဆိုရင် မီးရေး ထင်းရေးအတွက်သာမကဘဲ ရေအတွက်ပါ သောကများနေရတာကြောင့် စည်ပင်ရေရမယ်ဆိုရင် ဝမ်း သာပါတယ်''ဟု ¤င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်ကွီရေချောင်းမှ ၈ မိုင်ရေ စုကန်သို့ ပိုက်သွယ်တန်းရန် အကွာ အဝေး ၁၄၅ဝဝ ပေ ရှည်လျားပြီး ယင်းလုပ်ငန်း စီမံကိန်းလုပ်ငန်းခွင် နေရာသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦး ရဲနိုင်၊ ပြည်နယ်စည်ပင်သာယာရေး ဌာနခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၈ ရက်တွင် သွား ရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment