စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးတို့အား ထိုင်း အာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 16, 2019

စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးတို့အား ထိုင်း အာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


မိုင်းမော (တြိဂံနယ်မြေ)
.
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း၌ မြန်မာနိုင်ငံကူးလက်မှတ်များအား ဗီဇာအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီ တစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ ထိုင်းရဲ တပ်ဖွဲ့နှင့် နယ်မြေပေါင်းစုံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် နိုင်ငံကူး လက်မှတ်များကို အတုပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စူလရစီဌ၀ါချိဝ(၆၀ နှစ်) ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် CBS-WORLD ကုမ္ပဏီ ဖွင့်လှစ်ထားကြောင်း သိရှိရပြီး ဆက်လက် ဝင်ရောက်ရှာဖွေရာ နိုင်ငံကူးစာအုပ်ပေါင်း ၄၈၉ အုပ်၊ ဌာနဆိုင်ရာ တံဆိပ်တုံး ၂၉ ခု၊ ကွန်ပြူတာ တစ်လုံး၊ နိုင်ငံကူးလက်မှတ်များကို ဗီဇာအတုပြုလုပ်ထားသည့် မှတ်တမ်းစာအုပ် တစ်အုပ်၊ အလုပ်လုပ်ခွင့် (ဝပ်ပါမစ်) စာအုပ် ၅၀ အုပ်၊ ပန်းရောင်ကတ် ၅ ခု၊ ဝပ်ပါမစ်ကတ် (e-work permit) ၁၈ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
.
သိမ်းဆည်းရမိသည့် စာအုပ်အများစုသည် မြန်မာနိုင်ငံမှ ပြုလုပ်လာပြီး ထိုင်းနိုင်ငံသို့ ယူဆောင်လာသည့် PJ နှင့် PV အမျိုးစား စာအုပ်အလွတ်များဖြစ်ပြီး ၎င်းစာအုပ်များပေါ်တွင် ဗီဇာအတုပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တွေ့ရှိသည့် နိုင်ငံကူးစာအုပ်များအနက် အချို့ စာအုပ်များသည် သက်တမ်းကုန် ဆုံးနေသည့် စာအုပ်များဖြစ်ကြောင်း တာဝန်ရှိ သူများ၏ စစ်ဆေးချက်အရ သိရသည်။
.
အဆိုပါ CBS-WORLD ကုမ္ပဏီတွင် သန့်ရှင်းလုပ်ကိုင်နေသူ မစုလှိုင်နှင်း၏ ထွက်ဆိုချက်အရ ၎င်းသည် CBS-WORLD ကုမ္ပဏီနှင့် ဝပ်ပါမစ် လုပ်ထားသူဖြစ်ပြီး သန့်ရှင်းရေးအလုပ်လုပ်ကာ အားလပ်ချိန်များတွင် ဝပ်ပါမစ် သက်တမ်းတိုးလိုသူများနှင့် ဗီဇာသက်တမ်းတိုးလိုသူ မြန်မာအလုပ်သမားများ ကို လက်ခံကာ အမည်မသိ ထိုင်းကိုယ်စားလှယ်တစ်ဦးအား တဆင့်ပေးရာတွင် အခကြေးငွေအားဖြင့် တစ်ဦးလျှင် ဘတ် ၂၀၀မှ ဘတ် ၃၀၀ အထိရရှိကြောင်း ထွက်ဆိုခဲ့သည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CBS-WORLD ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဖြစ်သည့် မစုလှိုင်နှင်းတို့အား ထိုင်းနိုင်ငံ တာဝန်ရှိသူများက စာရွက် စာတမ်းအတုပြုလုပ်မှုဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း MOEAF ပြန်ကြားရေးကော်မတီ သိရသည်။
.

No comments:

Post a Comment