တာချီလိတ်တွင် တရားမ၀င် လက်နက်ကိုင်ဆောင်သူ ၃ ဦးကို လက်နက်များဖြင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, February 13, 2019

တာချီလိတ်တွင် တရားမ၀င် လက်နက်ကိုင်ဆောင်သူ ၃ ဦးကို လက်နက်များဖြင့်အတူ ဖမ်းဆီးရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချိလိတ်မြို့ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညပိုင်းတွင် တရားမ၀င် လက်နက်ကိုင်ဆောင်သူ ၃ ဦးကို လက်နက်များဖြင့်အတူ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းမှ သိရှိရသည်။
.


ဟောင်းလိတ်ရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆေခမ်းရပ်ကွက်ရှိ ဟောင်လိတ်လမ်းဆုံ၌ ဖေဖော်ဝါရီလ ၁၂ရက်၊ ည ၁၀နာရီခွဲအချိန်ခန်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရေးများ ပြုလုပ်နေစဉ် ၀မ်ကျောက်လုံကျေးရွာဘက်မှ တာချီလိတ်မြို့တွင်းသို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ စိုင်းဝန်းကျောက် မောင်းနှင်လာပြီး မယ်ဟုတ်ကျေးရွာနေ စိုင်းရှဲန်နွန်း လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ စိုင်းရှဲန်းနွန်း လွယ်ထားသည့် လွယ်အိတ်အတွင်းမှ GLOCK အမျိုးအစား အနက်ရောင် ပစ္စတို (၁)လက်( ကျည် ၁၀ တောင့်ပါ ကျည်ကပ်တပ်လျက်) နှင့် ပွိုင့် ၂၂ အမျိုးအစား ကျည် ၁၉ တောင့်တိုကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ည ၁၀ နာရီ ၅၀ မိနစ်တွင် ဆေခမ်းရပ်ကွက်မှ တာချီလိတ်မြို့တွင်းသို့ ၀မ်လုံရွာ၊ ဟောင်လိတ်မြို့နေ အိုက်နွန်း မောင်းနှင်လာသည့် ယာဉ်အား ရပ်တန်စစ်ဆေးရာ ကားတူးဘောက်အတွင်းမှ GLOCK အမိုးအစား အနက်ရောက်ပစ္စတို (၁)လက် (ကျည် ၁၃ တောင့်ပါ ကျည်ကပ်တပ်လျက်) တိုကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သည့် ဖြစ်စဉ်ဖြစ်သည်။
.
အဲဒီနေရာက ကျိုင်းတုံ၊ ၀မ်ပုံ၊ တာချီလိတ်ဖက် လမ်း(၃)ပင့်ဆိုင် နေရာဆိုတော့ အားလုံးကို ပိတ်ဆို့ရှာဖွေလိုကောင်းတဲ့ နေရာပါ နေ့စဉ်ပိတ်ဆို့ ရှာဖွေရေးလုပ်နေပါတယ်ဟု ဟောင်လိတ်ရဲကင်း စခန်းမှူး ရဲအုပ် ချမ်းမြေ့အောင်က ကမ္ဘောဇတိုင်းသိုပြောသည်။
.
အဆိုပါ တရားမ၀င် လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဝန်းကျောကှ်င့် စိုင်းရှဲန်နွန်းတိုကို တာချီလိတ် မြို့မရဲစခန်းတွင် (ပ)၇၃/၂၀၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)ဖြင့် လည်းကောင်း၊ အိုက်နွန်းကို (ပ) ၇၄/၂၀၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန်၁၂(က)ဖြင့် လည်းကောင်း ဖမ်းဆီး အမဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)