ဆီဆိုင်တွင် သားဖြစ်သူက ဖခင်အရင်းအား ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 25, 2019

ဆီဆိုင်တွင် သားဖြစ်သူက ဖခင်အရင်းအား ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွား


ခွန်ရဲထွေး (ဆီဆိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက သားဖြစ်သူက ဖခင်အရင်းအား ဓါးမဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ နောင်ခွန်ရာနေ မောင်ဇော် (၂၅ နှစ်) သည် ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဖခင်ဖြစ်သူ ဦးအေး၏ နေအိမ်သို့ ရောက်ရှိလာပြီး တောတွင် ထင်းခုတ်ရန်အတွက် နွားလှည်း ငှားရာ အဆင်မပြေ၍ မောင်ဇော်မှာ စိတ်ဆိုးပြီး ဖခင်ဖြစ်သူ ဦးအေး အား အသင့်ပါလာသော ဓါးမဖြင့် ခုတ်သဖြင့် ဦးအေးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဖခင်အရင်းဖြစ်သူအား ဓါးမနှင့်ခုတ်သတ်သူ မောင်ဇော် (၂၅ နှစ်) အား ဘန်းယဉ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment