တောင်ကြီး အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများအား စောင့်ဖမ်းလျက်ရှိပြီး ၃ ဦးအား အရေးယူ ဆောင်ရွက်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

တောင်ကြီး အတက်/အဆင်းလမ်းတွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများအား စောင့်ဖမ်းလျက်ရှိပြီး ၃ ဦးအား အရေးယူ ဆောင်ရွက်ထား


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ အတက်/အဆင်း လမ်းဘေးဝဲယာ တစ်လျှောက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေပြီး ယင်းကဲ့သို့ စည်းကမ်းမဲ့ အအမှိုက်စွန့်ပစ်သူများကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ စောင့်ဖမ်းအရေးယူလျက်ရှိရာ ဖေဖော်ဝါရီ လ ၁ ရက်အထိ ၃ ဦးအား အရေး ယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
.
ဓါတ်ပုံ - တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ
.
''အဲဒီတောင်တက်/ တောင်ဆင်းလမ်းကို သစ်တောနယ်မြေအဖြစ် သတ်မှတ်ထားပြီးတော့ အများပိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာစည်း ကမ်းမဲ့ အမှိုက်ပစ်တာတွေ ရှိနေတယ်။ အဲဒါကြောင့် ပစ်တဲ့လူတွေကို စောင့်ဖမ်းပြီး စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမယ်။ အဲဒီမှာ ဒဏ်ငွေတွေပါမယ်။ ထောင်ဒဏ်တွေ ပါမယ်။ ၃ ဦးကိုတော့ ဖမ်းဆီးအရေးယူထားပါပြီ''ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ စည်ကမ်း ထိန်းသိမ်းရေးမှူး ဦးစိုင်းအေးမင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ တောင်ကြီးမြို့၏ အတက်/အဆင်း လမ်းဘေးဝဲယာတစ်လျှောက်၌ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် စည်ပင်သာယာရေး ဝန်ထမ်းများက အမှိုက်များကို ခက်ခက်ခဲခဲ ဆယ်ယူနေရပြီး တောင်ဆင်းလမ်း ပစောက်ကွေ့ အနီးတစ်ဝိုက်တွင် အိမ်ထွက်အမှိုက်များနှင့် ဈေးမှထွက်ရှိသည့် အမှိုက်များကို ညနေပိုင်းအချိန်နှင့် ညပိုင်းအချိန်များတွင် မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်စွန့်ပစ်မှုများ ရှိနေကြောင်း သိရသည်။
.
''တောင်အတက်လမ်းမှာတော့ ပစ်ထားတာ သိပ်မတွေ့ရဘူး။ အဆင်းလမ်းမှာ လာပစ်နေကြတာကို ကျွန်တော်တို့ ဖြတ်သွားရင် တွေ့နေရ တယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာပစ်ကြတယ်။ ဒါမျိုးတွေက မဖြစ် သင့်တော့ပါဘူး။ သိမ်းတဲ့လူကလည်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ချောက် ထဲတွေအထိ ဆင်းပြီး သိမ်းနေရ တယ်။ ကျွန်တော်တို့ တောင်ကြီးမြို့ ဆိုတာ သန့်ရှင်းသာယာလှပတဲ့ ဆု ကို ၂ နှစ် ဆက်တိုက် ရထားပါတယ်။ မြို့က တကယ်သာယာလှပလို့ အဲဒီ ဆုတွေ ရထားတာပါ။ ဒါတွေကို ပြည် သူတွေအနေနဲ့ စည်းကမ်းတကျ အ မှိုက်စွန့်ပစ်ခြင်းဖြင့် ထိန်းသိမ်းပေးဖို့ လိုပါတယ်''ဟု တောင်ကြီးဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှုများကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ စောင့်ဖမ်း အရေးယူလျက်ရှိရာ ဇန်နဝါရီလ ၂၉ ရက်က ဖမ်းမိသည့် စည်းကမ်းမဲ့အ မှိုက် စွန့်ပစ်သူတစ်ဦးအား ဒဏ်ငွေ ၂ သိန်းကျပ်၊ ဇန်နဝါရီလ ၃ဝ ရက် က ဖမ်းမိသည့် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်သူ ၂ ဦးအား ဒဏ်ငွေကျပ် ၂ သိန်းစီ ပေးဆောင်စေခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats