အောင်ပန်းတွင် မိုးကြိုးပစ်ခံရ၍ မိန်းကလေးငယ် တစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 26, 2019

အောင်ပန်းတွင် မိုးကြိုးပစ်ခံရ၍ မိန်းကလေးငယ် တစ်ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာ အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းက မိုးကြိုးပစ်ခံရသဖြင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူ အမျိုးသမီးငယ်မှာ ငှက်ပျောတော ကျေးရွာနေ မိကြူး ဆိုသူ ဖြစ်ပြီး အဖွားဖြစ်သူ ဒေါ်ပွားစုနှင့်အတူ ငှက်ပျောတော ကျေးရွာ အနောက်ဘက် ၄ ဖာလုံခန့် အကွာရှိ မုန်ညှင်းခင်းမှ နေအိမ်သို့ အပြန်တွင် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.

ယင်းကဲ့သို့ မိုးကြိုးပစ်ခံရ၍ သေဆုံးမှုအား ရာအိမ်မှူး ဦးလုံး၏ သတင်းပေးချက်အရ အောင်ပန်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးသူ မိကြူး၏ မျက်နှာတွင် မီးလောင် ညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ၀ဲဘက်ကွဲ ဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ရုပ်အလောင်းအား အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် အောင်ပန်း နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၉)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats