မိုင်းဆတ်၌ တရားမဝင်နေထိုင်သော ထိုင်းနိုင်ငံသား ၈ဝ ဦးကို ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်၌ တရားမဝင်နေထိုင်သော ထိုင်းနိုင်ငံသား ၈ဝ ဦးကို ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းအုပ်စု၊ မိုင်းကန်ကျေးရွာ ''ဝ'' အထူးဒေသ (၂)ရှိ တည်းခိုခန်း ၂ ခုတွင် တရားမဝင် လာရောက်တည်းခိုနေထိုင်နေသော ထိုင်းနိုင်ငံသား ၈ဝ ဦးတို့ကို ဖေဖော်ဝါရီ ၄ ရက်၊ နံနက်ပိုင်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းအုပ်စု၊ မိုင်းကန်ကျေးရွာ ''ဝ''အထူးဒေသ(၂)ရှိ နားယောင်းတည်းခိုခန်းနှင့် စင်းခမ်း တည်းခိုခန်းတို့တွင် ထိုင်းနိုင်ငံသားများ တရားမဝင် လာရောက်နေထိုင်းကြောင် သတင်းအရ ဖေဖော်ဝါရီ ၃ နာရီ ညနေ ၃ နာရီအချိန်တွင် မိုင်းဆတ်မြို့နယ် လဝကဦးစီးမှူး ဦးဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မိုင်းတွမ်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် လေးကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ဖက်စလားကစ်ပါ ပါ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၈ဝ ဦးတို့အား တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ ခွင့်ပျြုက်မဲ့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ သည်ဟု သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ဝင်ရောက်လာသော ထိုင်းနိုင်ငံသား အမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး ၃၃ ဦးတို့အား မိုင်းတွမ်နယ်မြေရဲစခန်းတွင် (ပ)၂/၂ဝ၁၉၊ လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats