မိုင်းရှူးနှင့် တန့်ယန်းအား ဆက်သွယ်ထားသည့် နမ့်ပန်ချောင်းကူး (မိုင်းရှူး) တံတား အသစ် တည်ဆောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းရှူးနှင့် တန့်ယန်းအား ဆက်သွယ်ထားသည့် နမ့်ပန်ချောင်းကူး (မိုင်းရှူး) တံတား အသစ် တည်ဆောက်မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်း၊ တန့်ယန်းမြို့တို့ကို ဆက်သွယ် ပေးထားသည့် နမ့်ပန်ချောင်းကူး (မိုင်းရှူး) တံတားအသစ်ကို စတင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ တံတားသစ် တည်ဆောက်ရေးအ တွက် မြေသန့်မင်္ဂလာအခမ်းအနား ကို ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ပိုင်းက တံတားတည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်း တံ တားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၂) ထံမှ သိရသည်။
.
.
''ရှမ်းမြောက် တန့်ယန်းနဲ့ ရှမ်း တောင် မိုင်းရှူးတို့ကို ဆက်သွယ် နိုင်မယ့် အဆင့်မြင့် တံတားတစ်စင်း တည်ဆောက်ဖို့ မြေသန့်မင်္ဂလာကို ဆောင်ရွက်ခဲ့တာပါ''ဟု တံတားဦးစီး ဌာန၊ တံတားအထူးအဖွဲ့ (၁၂)မှ လက်ထောက် ညွှန်ကြားရေးမှူး နန ဦးဝင်းသောင်းက ပြောသည်။
.
မိုင်းရှူးမြို့ မှ ၂ မိုင်ခန့်ကွာဝေး သည့်နေရာတွင် စီးဆင်းနေသည့် နမ့် ပန်ချောင်းပေါ်တွင်ရှိသည့် လက်ရှိ မိုင်းရှူး ကြိုးတံတားနှင့်ယှဉ်လျက် ၇၅ တန် ခံနိုင်ရည်ရှိသည့် သံမဏိ သံဘောင် တံတားအသစ်တည် ဆောက်နိုင်ရန် အတွက် မြေသန့် မင်္ဂလာ ပြုလုပ်ရခြင်းဖြစ်ကြောင်း EE ဦးဝင်းသောင်းထံမှ သိရသည်။
.
ယခု ထပ်မံအသစ်တည်ဆောက် မည့် တံတားဆိုင်ရာအချက်အလက် များမှာ သံကူကွန်ကရစ်တံတားဖြစ် ကာ အုတ်မြစ် ၉ ပေ Caisson Foundation တံတားအပေါ်ထည် သံမဏိ သံဘောင်ယက်မ (Steel BoxGirder) သံကူကွန်ကရစ်ကြမ်း ခင်း၊ တံတားအရှည် ၁၃ဝ မီတာ၊ ခန်းဖွင့်အကျယ်၊ ၃၅ မီတာ + ၆ဝ မီတာ + ၃၅ မီတာ၊ စုစုပေါင်း ၃ ခန်း၊ တံတားအကျယ် ယာဉ်သွား လမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူ သွားလမ်းတစ်ဖက် ၁ မီတာ၊ တံ တားကင်းလွတ်နယ်အကျယ် ၅ဝ မီ တာ၊ အမြင့် ၄ မီတာ၊ တံတားခံနိုင် ဝန်ယာဉ်တစ်စီးချင်း ၇၅ တန်၊ စီမံ ကိန်း၏ တန်ဖိုး ခန့်မှန်းကုန်ကျငွေ လျာထား ကျပ်သိန်းပေါင်း ၃၃ဝဝဝ တို့ဖြစ်ကာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ လ ၁ ရက်မှ စတင်၍ အကြိုအင်ဂျင် နီယာလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နောက် ယခု ဒီဇိုင်းပုံစံ သတ်မှတ်ချက် များအရ စတင်တည်ဆောက်မည် ဖြစ်သည့်အတွက် မြေသန့်မင်္ဂလာ ပြု လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
.
သံမဏိသံဘောင်များကို ရန် ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်ရှိ  JMN steel ကုမ္ပဏီမှ မှာ ယူသွားမည်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ် ဧပြီလ ၄ ရက်တွင် ပြီးစီးရန် လျားထားသည်ဟု သိရသည်။
.
ယခုတည်ဆောက်မည့် မိုင်းရှူး တံတားအပါအဝင် ကွန်ဟိန်း၊ မိုင်း စံ၊ မိုင်းရှူးတံတားများသည် ရှမ်းပြည်နယ် အတွင်းရှိ ပေ ၁၈ဝ အ ထက် တံတား ၆၁ စင်းတွင် ပါဝင် ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ပေ ၅ဝဝ အထက် တံတား ၂ စင်း ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အ တွင်းရှိ တာကော်တံတားနှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ တာဆန်းတံတား များကို လည်းကောင်း၊ ပေ ၁၈ဝ အထက် တံတား ၃ စင်း ဖြစ်သည့် ယခု မိုင်းရှူးတံတားအသစ်နှင့် ဆီ ဆိုင်မြို့နယ်အတွင်းရှိ ပွန်ချောင်း တံတား၊ နမ္မတူမြို့ဝင်တံတားတို့ကို လည်းကောင်း တည်ဆောက်ရန်လျာ ထားသည်ဟု သိရသည်။
.
''ဘတ်ဂျက် နှစ်အရ တည် ဆောက်နေပေမယ့် တစ်နှစ်တည်း မပြီးနိုင်တော့ တခြား ဘတ်ဂျက်နှစ် တွေပါ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အခု မိုင်းရှူးတံတားဆိုရင် ၂ နှစ် လောက် တည်ဆောက်ရမှာပါ''ဟု လမ်းဦးစီးဌာန (မြို့ပြ)ရုံးမှ ဦးစီးအရာ ရှိ ဒေါ်တင်သူဇာဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တံတားများအပြင် ပေ ၁၈ဝ အောက်တံတားစင်းရေ ၂၂ စင်း ကိုလည်း ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရန် ရှိနေပြီး BOD စနစ်အရ တည်ဆောက်မည့် ဂုတ်ထိပ်တံတားကြီးမှာလည်း မြေယာ လျော်ကြေး ပေးဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ယင်းတံ တားတည်ဆောက်ရေးစီမံကိန်းနှင့် အတူ နောင်ချိုမြို့ရှောင်လမ်းကိုပါ တစ်ပါတည်း ဖောက်လုပ်ရန်ရှိသည် ဟု သိရသည်။
.
ရှမ်းပြည်နယ်အတွင်း သံလွင် မြစ်ကူးတံတား ၅ စင်းရှိရာ `4တို့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူ ဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ရှိ တာပါးတံတား၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်အတွင်းရှိ ကွမ်းလုံ ကြိုးတံတား၊ လားရှိုးခရိုင်၊ တန့် ယန်း မြို့နယ်အတွင်းရှိ တာကော် အက်တံတား၊ ရှမ်းပြည်နယ် တောင် ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့ နယ်အတွင်းရှိ တာကော်တံတား ရှမ်း ပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ တာဆန်း တံတားတို့ ဖြစ်ကြကာ အဆိုပါ တံ တားများအနက် သက်တမ်းနှစ် ၅ဝ ရှိ ပြီး တံတားအရည်အသွေးခံနိုင်ရည် ကျဆင်းလာနေသည့် တာကော်တံ တားနှင့် သက်တမ်း ၂ဝ နှစ် ခန့်ရှိ တာဆန်းတံတားများကို ထပ်မံတည် ဆောက်လျက်ရှိသည်။
.

Journal Download

Photo of three cats