တာချီလိတ်တွင် ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 19, 2019

တာချီလိတ်တွင် ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ မိုင်းဟဲ(အောက်)ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက လမ်းဘေးတွင် တားထားသည့် ဝါးလုံးအား ဖယ်ရှားရာမှ ဈေးသည် အမျိုးသား တစ်ဦး သေနတ်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
.
.
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ဝ နာရီခွဲခန့်က တူမီးသေနတ်ဒဏ်ရာနှင့် လူနာ တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ တာချီလိတ်မြို့မစခန်းမှူး မျိုးခိုင်၊ တာဝန်မှူးနှင့် နယ်ထိန်း ခေါင်းဆောင်တို့မှ သွားရောက်ကြည့်ရှု့စစ်ဆေးရာ တူမီးသေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ ရောက်ရှိနေသူမှာ ဝမ်မိုင်ရွာ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဦးစိန်သောင်း(၅၇ နှစ်)ဆိုသူပြီးပြီး တာချီလိတ်မှ မိုင်းဟဲအုပ်စု၊ ကျဆီးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ကောက်ညှင်းပေါင်း၊ ကြက်ကြော်၊ ငါးကြော်များ ရောင်းချရန် သွားရောက်စဉ် မိုင်းဟဲ(အောက်)ရွာအနီး လမ်းမပေါ်တွင် ဝါးလုံး တစ်လုံး ကန့်လန့်ဖြတ်လမ်းပိတ်ထားသည်ကို တွေ့ရသဖြင့် ဆိုင်ကယ်ရပ်ကာ ဝါးလုံးအား သွားရောက်ဖယ်ရှားစဉ် လမ်း၏ယာဘက်အခြမ်းမှ တူးမီးသေနတ် ပစ်ခတ်သံ တစ်ချက်ကြားလိုက်ရပြီး ဝမ်းဗိုက်နှင့် လက်မောင်း၊ လက်ဖျံတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းတွင်တွေ့ရှိခဲ့သည့် အာခါတိုင်းရင်းသား တစ်ဦး၏ အကူအညီဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ဆေးဝါးကုသမှု ခံယူ နေခြင်းဖြစ်ကြောင်း သိရသည်။
.
''အဲဒီရွာဘက်တွေမှာ ပုံမှန်ဈေးရောင်းဟန်တော့ရှိပါတယ်။ အခင်းဖြစ်နေရာအရောက်မှာ ဝါးလုံးတာထားကိုတွေ့လို့ ဆင်ဖယ်လိုက်တဲ့အချိန် လမ်းဘေးက တူမီးသေ နတ်နဲ့ ပစ်လိုက်လို့ မီးကျည်ကနေကွဲပြီး အစမှန်သွားတဲ့ သဘောမျိုးပေါ့။ ပစ်တဲ့သူ ဘယ်သူဘယ်ဝါ ဆိုတာတော့ မတွေ့လိုက်ဘူးတဲ့။ အခင်းဖြစ်နေရာကိုတော့ စစ်ဆေးခြင်းတွေလုပ်နေပြီး သေနတ်ပစ်ခတ်သွားသူကို စုံစမ်းဖော်ထုတ်ဖို့လုပ်နေပါတယ်''ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ ဦးစိန်သောင်း(၅၇ နှစ်)အား သေနတ်ဖြင့် ပစ်ခတ်သွားသူကို စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် တာချီလိတ်မြို့မရဲစခန်းက (ပ)၈၈/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၇/၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment