နမ့်ခင်ရေလွှဲဆည် တည်ဆောက် ပြီးပါက ဌာနဆိုင်ရာများနှင့် ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခင်ရေလွှဲဆည် တည်ဆောက် ပြီးပါက ဌာနဆိုင်ရာများနှင့် ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေဟု ဆို


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်အတွင်းရှိတောင်ကြီး-ကျိုင်းတုံလမ်းဘေး နမ့်ခင်ရေ ချောင်း၌ တည်ဆောက်လျက်ရှိသည့် နမ့်ခင်ကျောက်ဖြည့်ရေလွှဲဆည် တည်ဆောက်ပြီးစီးသည့် နောက် ပိုင်းတွင် ဒေသတွင်းရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်နေသည်ဟု ကျိုင်းတုံခရိုင် ဆည်မြောင်းဦးစီးဌာနရုံးမှ သိရသည်။
.
.
''ဆည်ကြီးပြီးသွားရင်တော့ လယ်မြေ ၇၅ဝ ဧကအတွက် နွေရာ သီပါ ရေရနိုင်မှာဖြစ်ပြီး မြို့လယ်က နောင်တုံရေကန်အတွက် ရေသစ်ဝင်အောင် အကျိုးပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ဆည်ရေရှည် တည်တံ့ကောင်း မွန်ဖို့အတွက် ဒီဒေသမှာရှိကြတဲ့ ဝန်ထမ်းတွေ၊ ဒေသခံတွေအားလုံး က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ပေးဖို့လိုအပ်မှာဖြစ်ပါတယ်''ဟု ကျိုင်းတုံခရိုင် ဆည်မြောင်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးထွန်းဝင်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
ရေလွှဲဆည် တည်ဆောက်မည့် နမ့်ခင်ချောင်းသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စုအတွင်းရှိ နမ့်ကွီချောင်း၊ နမ့်အောချောင်းတို့ ပေါင်းဆုံပြီးနောက် ယန်းလောကျေး ရွာအုပ်စုမှ ကျိုင်းဖောင်းကျေးရွာအ နီးတွင် နမ့်ခင်ချောင်းဟု အမည် ခေါ်ဆို၍ ကတ်တောင်ကျေးရွာအုပ် စုအနီးတွင် နမ့်လွေချောင်းသို့ စီးဝင် နေသည့် တောင်ကျရေချောင်း ဖြစ် ကာ မိုးရာသီ၌ သဲ၊ နုန်းများပို့ချ လေ့ရှိသည်ဟု သိရသည်။
.
အဆိုပါ နမ့်ခင်ချောင်း ကျောက်စီရေလွှဲဆည် တည်ဆောက်မှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံ တစ်ဦးက ''ကျိုင်းတုံ-တောင်ကြီးလမ်း တစ်လျှောက်မှာ လမ်းတိုးချဲ့တာနဲ့ ကျောက်ခွဲ၊ ကျောက်ထုတ် လုပ်ငန်း တွေရှိနေပြီး ပိုလျှံစွန့်ပစ်မြေစာ ကျောက်မှုန့်တွေကို ရေချောင်းဘက် ခြမ်းမှာ စွန့်ပစ်နေမယ်ဆိုရင်တော့ အခုတည်ဆောက်မယ့် ဆည်အတွက် ဆိုးကျိုးသက်ရောက်တာ ရှိနိုင်ပါ မယ်။ ပြီးတော့ လူတွေ မဆင်မခြင် စွန့်ပစ်ကြတဲ့ အမှိုက်တွေကြောင့် လည်း ဆည်မှာ နောက်ဆက်တွဲပိတ် ဆို့မှုတွေ ရှိလာနိုင်ပါတယ်''ဟု ¤င်း ၏အမြင်ကို ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည် နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၂၇ဝ ဖြင့် ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေး ရွာအနီးရှိ တောင်ကြီးလမ်းဘေး နမ့် ခင်ရေချောင်းပေါ်တွင် တည်ဆောက် မည့် ကျောက်စီရေလွှဲဆည်နှင့် ပတ်သက်၍ ၂ဝ၁၆ ခုနှစ်၌ စီမံချက်ရေး ဆွဲတင်ပြထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
နမ့်ခင်ချောင်းအတွင်း တည် ဆောက်မည့် ကျောက်စီရေလွှဲဆည် မှာ အကျယ် ၂ဝဝ ပေ၊ ရေစီးအတိုင်း အလျား ၆၅ ပေနှင့် အမြင့် ၅ ပေ ရှိမည်ဖြစ်ပြီး သဲထုတ်ပေါက် ၅ ပေ ၂ ခန်း ပါဝင်၍ စီမံချက်အား စတင် ရေးဆွဲစဉ်က ရေချောင်း အနေအ ထားနှင့် ၂ဝ၁၈ ခုနှစ်၊ မိုးရာသီတွင် ဖြစ်ပေါ်ခဲ့သည့် မိုးရွာသွန်းမှုကြောင့် ချောင်းကြမ်းပြင် သဲနုန်းပို့ချသည့် အမြင့်ပေ ၅ ပေအထိရှိသည်ဟု ကျိုင်းတုံမြို့နယ် ဆည်မြောင်း ဦးစီး ဌာနမှ တွက်ချက်ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats