ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် ဘုန်းကြီးကျောင်း၌ တီဗွီလာကြည့်သူ တစ်ဦးက ဓားဖြင့်ထိုးသဖြင့် ဘုန်းကြီး တစ်ပါး ပျံလွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် ဘုန်းကြီးကျောင်း၌ တီဗွီလာကြည့်သူ တစ်ဦးက ဓားဖြင့်ထိုးသဖြင့် ဘုန်းကြီး တစ်ပါး ပျံလွန်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းက ဘုန်းကြီးကျောင်း တွင် TV လာကြည့်သူ တစ်ဦးက တစ်ဦးက ဓားဖြင့်ထိုးသဖြင့် ဘုန်းကြီးတစ်ပါး ပျံလွန်ခဲ့ကြောင်း နောင်ပိန် နယ်မြေရဲစခန်းမှ သိရသည်။
.
.
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ၊ ရပ်ကွက် (၂) အတွင်းရှိ ရွှေဘုံသာကျောင်းတိုက်၊ သံဃာများနားနေဆောင် တွင် သီတင်းသုံးနေသည့် သံဃာတော် ဥူးပညာဝံသသည် ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၇ နာရီခန့်တွင် အခြားကိုရင် များနှင့်အတူ TV ကြည့်နေစဉ် အဝီစိရေတွင်းတူး လုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဝဲထောင့်ကျေးရွာနေ အလုပ်သမား မင်းမင်းစိုး (၃၁ နှစ်)မှ ကိုရင်များနှင့်အတူ TV လာကြည့်ပြီး ဆဲဆိုသဖြင့် ဥူးပညာဝံသမှ မဆဲရန်ပြောသော်လည်း ထပ်မံဆဲဆိုခဲ့၍ ဥူးပညာဝံသမှ မင်းမင်းစိုး၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့ရာ မင်းမင်းစိုးမှ မကျေနပ်၍ ၎င်း၏ခါးကြားတွင် အသင့်ပါလာသည့် အရိုး ၄ လက်မ၊ အသွား ၃ လက်မ ခန့်ရှိ ခေါက်ဓားဖြင့် ထိုးသွင်းခဲ့သဖြင့် ဥူးပညာဝံသမှာ ဝဲဘက်ရင်အုံအောက်တွင် ထိုးသွင်းဓဏ်ရာ ၂ ချက်၊ ဝဲဘက် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ရရှိဒဏ်ရများဖြင့် ည ၇ နာရီ ၅၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဓားဖြင့်ထိုးခဲ့သူ မင်းမင်းစိုးအား နောင်ပိန်နယ်မြေရဲစခန်းမှ (ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats