ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတင်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတင်ကျင်းပ


စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းက စတင် ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
.
အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့်အနက် ၁၀၉ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၃၁ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၇ ဒသမ ၈၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးမှ ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးခြင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၀ ခုအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြေကြားခြင်းများကို ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
.

ထို့အပြင် ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ မြို့နယ်စည်ပင်သာယာရေးကော်မတီများ လေလံပစ်၍ ကောက်ခံလျက်ရှိသော မြို့ဝင်ဘီးခွန်ကြေးများသည် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်ပေါ်လျက်ရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ကောက်ခံခြင်း(မပြု)ဘဲ ဖျက်သိမ်းပေးပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို  ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တင်သွင်းခြင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ၀မ်းနည်းကြောင်း အဆို တင်သွင်းခြင်းနှင့် အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေ(မူကြမ်း) အား တင်သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats