ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် တိုင်းရင်းသားများ၏ မည်သည့်အရေး ကိစ္စမဆို ကူညီပေးရန်အသင့်ရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် တိုင်းရင်းသားများ၏ မည်သည့်အရေး ကိစ္စမဆို ကူညီပေးရန်အသင့်ရှိဟု ဆို


စိုင်းရာဇာ
.
ကိုးကန့်စာပေနှင့် ယဉ်ကျေးမှု အသင်း၏ ၂ဝ၁၉ ခုနှစ် ကိုးကန့်ရိုးရာ နှစ်သစ်ကူးညစာစားပွဲနှင့် ကိုးကန့် တိုင်းရင်းသားရိုးရာ အကဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၉ ရက်၊ ည နေပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်တိုင်းရင်းသားလူမှု ရေး အသင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှု အသင်းဝင် မသိင်္ဂီစိုးက အသင်းအ နေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ မည်သည့်အ ရေးကိစ္စမဆို ကူညီပေးသွားရန် အ သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
.
.
''တောင်ကြီးမြို့နယ် ကိုးကန့်စာ ပေနဲ့ ယဉ်ကျေးမှုအသင်းကို ဖွဲ့စည်း ထားတဲ့ ရည်ရွယ်ချက်ကတော့ တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ကိုးကန့်တိုင်းရင်းသား တွေရဲ့ လူမှုရေးအခက်အခဲတွေ ကို ကူညီဖြေရှင်းဆောင်ရွက်ပေး နိုင်ဖို့၊ ကိုးကန့်စာပေနဲ့ ယဉ်ကျေးမှု တွေကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖို့၊ ထုတ်ဖော်ပြသနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ကိုးကန့်စာပေနဲ့ ယဉ်ကျေးမှု အသင်းအနေနဲ့ ရှမ်း ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ မည်သည့်အရေး ကိစ္စကိုမဆို ပူးပေါင်းကူညီဆောင် ရွက်ပေးဖို့ အသင့်ရှိပါတယ်'' ဟု မသိင်္ဂီစိုးက ပြောသည်။
.
ထိုနောက် ကိုးကန့်ယဉ်ကျေးမှု အကအဖွဲ့၊ ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှု စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ကိုး ကန့် အမျိုးသမီးရေးရာ အသင်းတို့မှ ရိုးရာ အကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ်အစိုး ရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်က ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူ ငွေများကိုလည်းကောင်း၊ ရှမ်းပြည် နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံး ဆိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက် တာမျိုးထွန်းတို့က ကိုးကန့် စာပေနှင့် ယဉ်ကျေးမှုစာသင်ကျောင်း ဆောက် ရန်အတွက် အလှူငွေများကိုလည်း ကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌက ကိုး ကန့်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ကိုးကန့်အမျိုးသမီးရေးရာအသင်း၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှု  စာ သင်ကျောင်း ဆောက်ရန်တို့အတွက် အလှူငွေများကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအ သင်းဥက္ကဌနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
.
အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုး ကန့် စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိုင်းရင်း သား/တိုင်းရင်းသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံအခန်း၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (င) အရ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လောက်ကိုင် နှင့် ကုန်းကြမ်း ၂ မြို့နယ်ကို စုစည်း၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ဖွဲ့စည်း သတ်မှတ်ထားပြီး အဆိုပါ ဒေသအတွင်း လူဦးရေ ၁ သိန်း ၃ သောင်းခန့် နေထိုင်ကြကာ ၂ဝ၁၅ ခုနှစ်၊ ပြည်လုံးကျွတ်အ ထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ လူဦးရေ ၄ သောင်း ကျော် ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats