တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 16, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ၇က် အထိ
.
တနင်္ဂနွေ
.
လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသော အလုပ်များကို စိတ်တိုင်းမကျ ဖြစ်နေလိမ့်မည်။ ငွေကြေးများကို ထိန်းသည့်ကြားမှ ပျောက်ပျက်မည်။ အထွက်များမည်။ နေအိမ်အတွင်း ရှုပ်ထွေးသော ပြဿနာကြုံတတ်ပါ သည်၊ သတိထားပါ။ မိတ်ဆွေကောင်းတွေ့မည်။ အကူအညီကောင်းရမည်။ ထင်ရှားသော နေရာများသို့ သွားလာရမည်။ ကုန်သည်များမှာ အရောင်းအဝယ်ကောင်းမည်။ ဝန်ထမ်းများမှာ အလုပ်ထွက်ခြင်း၊ ပြောင်း ခြင်းကြုံမည်။ အချို့မှာ ထွက်ချင်စိတ် ဖြစ်နေလိမ့်မည်။ ပွဲစားများမှာ အရောင်းအဝယ်ဖြစ်ပါလိမ့်မည်။ ငယ်သူ များမှာ အချစ်ရေးကိစ္စတွင် ချစ်သူ၏ စိမ်းကားခြင်းခံရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အစားမှားမည်။ အ စာမကြေဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၈)ဖြစ်သည်။
ယတြာ။ စေတီ၏ စနေထောင့်တွင် နှင်းဆီလှူပါ။
.
တနင်္လာ
.
ကားပြင်ရမည်။ ကားအသစ်ဝင်မည်။ လဲလှယ်ရမည်။ အချို့မှာ ဆိုင်ကယ်ကိစ္စဆောင်ရွက်ရမည်။ နေ အိမ်အတွင်းသို့ ကားတာယာအဟောင်း အဝင်မခံသင့်ပါ။ စီးပွားရေးကိစ္စများတွင် ငွေကြေးအထွက်များနေ မည်။ အဝင်နည်းနေလိမ့်မည်။ သူတစ်ပါးကိစ္စ ဝင်မပါသင့်ပါ။ အမှုဖြစ်တတ်သည်။ အစားကောင်းစားရလိမ့် မည်။ လက်ဆောင်ရလိမ့်မည်။ ကုန်သည်များမှာ အြေ<ွကးကိစ္စ စကားများမည်။ ငွေကြေး အချေးအငှားမလုပ် သင့်ပါ။ ဝန်ထမ်းများမှာ အထက်လူကြီးများက ဖိအားပေးခံရမည်။ ပွဲစားများမှာ အရောင်းနည်းနည်း တည့် လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် ပျော်ရွှင်ကျေနပ်ရမည်။ ကျန်းမာရေးကိစ္စများတွင် ဝမ်း ပျက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၄/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန်လှူပါ။
.
အင်္ဂါ
.
နေအိမ်ဆေးသုတ်ရမည်။ နေအိမ်ဆောက်လုပ်ရမည်။ မိတ်ဆွေကောင်းတွေ့တော့မည်။ ငွေကြေးအဆင် ပြေပါမည်။ အလုပ်အကိုင် နှစ်မျိုးတွဲလုပ်ရမည်။ ရွှေ၊ ရတနာ စသည် ဝင်လာမည်။ အနီးကပ် အတူနေသူ နဲ့ စကားများမည်။ အထင်လွဲခံရမည်။ ဘုရားကျောင်းကန်ရောက်လိမ့်မည်။ စက်ပစ္စည်းများလည်း ပြုပြင်ရလိမ့် မည်။ ကုန်သည်များမှာ လှောင်ကုန်ဈေးကောင်းရလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်တွင် အမှားအယွင်းအလွဲ အချော်ဖြစ်တတ်ပါသည်။ ပွဲစားများ ဘာမှ မအောင်မြင်ဘဲ ရပ်တန့်နေဆဲကာလဖြစ်လိမ့်မည်။ ညံ့နေ၏။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ ပြန်တွေ့ဆုံရမည်။ ပျော်ရွှင်ရမည်။ ကျန်းမာရေးကိစ္စများတွင် သွေး ထွက်သံယိုနည်းနည်းဖြစ်ပါမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ဆွမ်း၊ ဟင်းလှူပါ။
.
ဗုဒ္ဓဟူး
.
အလှူ မင်္ဂလာဆောင် သွားရမည်။ ညစာစားပွဲသွားရမည်။ မထင်မှတ်သူနဲ့ ပြန်ဆုံပါမည်။ စက်ပစ္စည်း အသစ်ဝင်မည်။ ပျောက်ဆုံးနေသော ပစ္စည်းပြန်တွေ့မည်။ စီးပွားရေးကိစ္စများ အကောင်အထည်ဖော်ရမည်။ စတင်ရမည်။ ငွေကြေးရစရာ ရှိသူများ ပြန်ရတတ်သည်။ နေအိမ်တွင် ဝါယာရှော့ခ်ဖြစ်တတ်ပါသည်။ သတိ ထားပါ။ အဝေးဧည့်သည်လာမည်။ ကုန်သည်များမှာ အရောင်းအားနည်းနေမည်။ ဝန်ထမ်းများမှာ ခရီးသွား လာရခြင်း၊ ကြီးသူကိစ္စဆောင်ရွက်ပေးရခြင်း ကြုံမည်။ ပွဲစားများမှာ မထင်မှတ်ဘဲ အလုပ်ဖြစ်လိမ့်မည်။ ငယ် ရွယ်သူများမှာ အချစ်ရေး အဆင်ပြေမည်။ အေးချမ်းနေပါမည်။ ကျန်းမာရေးကိစ္စများတွင် ဖျားမည်။ အအေး မိလိမ့်မည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၅/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ဖျော်ရည်လှူပါ။
.
ကြာသပတေး
.
စာချုပ်ပြုလုပ်ရမည်။ အမွေကိစ္စပြောဆိုရမည်။ ရုံးပိုင်းဆိုင်ရာများလည်း ဆောင်ရွက်ရလိမ့်မည်။ ငယ်သူ များအတွက် ငွေကုန်မည်။ စိတ်မောရမည်။ ဖုန်းလွတ်ကျကွဲလိမ့်မည်။ ဖုန်းပျက်မည်။ အချို့အသစ်လဲလှယ်ရ မည်။ စီးပွားရေးကိစ္စများ စာရင်းမှားမည်။ ငွေကွာဟလိမ့်မည်။ အလုပ်အတွက် စိတ်ရှုပ်ထွေးနေလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ်ပြန်ကောင်းလာမည်။ ဝန်ထမ်းများမှာ ခွင့်ယူရမည်။ အလုပ်မှ ယာယီအနား ယူရမည်။ ပွဲစားများမှာ အိမ်အပေါင်ကိစ္စ ဆောင်ရွက်သော်လည်း မဖြစ်သေးဘဲ ပင်ပန်းနေလိမ့်မည်။ ငယ်သူ များမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ အတူ ဆုံတွေ့ရမည်။ အတူလည်ပတ်ရမည်။ ကျန်းမာရေး ကိစ္စများတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆေးဝါးလှူပါ။
.
သောကြာ
.
သတင်းကောင်းကြားသိရမည်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်နေလိမ့် မည်။ ခရီးဝေး သွားလာရမည်။ ရရန်ခက်ခဲသော ပစ္စည်း ဝင်လာမည်။ စီးပွားရေးကိစ္စများတွင် အောင်မြင် လာတော့မည်။ ငွေများများ မြတ်လိမ့်မည်။ ဆွေမျိုးများ ကိစ္စ ကူညီဖြေရှင်းပေးရလိမ့်မည်။ မရဖူးသော အခွင့် အလမ်းများလည်း ပေါ်လာမည်။ ကုန်သည်များမှာ ဖောက်သည်များထံမှ ရစရာငွေ ကြန့်ကြာနေလိမ့်မည်။ ဝန်ထမ်းများမှာ ခိုက်ရန်များမည်။ အငြင်းပွားကြလိမ့်မည်။ ပွဲစားများမှာ အလုပ်နည်းနည်းဖြစ်ကြလိမ့်မည်။ ငယ် သူများမှာ အချစ်ရေးကိစ္စတွင် နှစ်ယောက်ကြား ဗျာများရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် လေထိုးလေ အောင့်ဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ထီးနီ ၁၁ လက်လှူပါ။
.
စနေ
.
မီးလန့်လိမ့်မည်။ ငွေများလည်း ပျောက်ဆုံးတတ်ပါသည်။ နေအိမ်သို့ သူခိုးဝင်မည်။ လူလိမ်လာမည် သ တိထားပါ။ မိဘအတွက် အခက်အခဲတွေ့မည်။ အမှုသက်သေလိုက်ရတတ်သည်။ မှန်များ ပန်းကန်များ ကွဲ တတ်သည်။ အိမ်နီးချင်းများနဲ့ စကားများတတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်များ ကောင်းမွန်သဖြင့် ပျော် ရွှင်ရမည်။ ကုန်သည်များမှာ ဆိုင်အပြင်အဆင် ပြောင်းလဲရမည်။ ဝန်ထမ်းများမှာ ဝမ်းသာစရာ ကြားသိရမည်။ အကူအညီရမည်။ ပွဲစားများမှာ မြေအရောင်းတည့်ပါမည်။ ပွဲခရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ ကြောင့် ပျော်ရွှင်ကျေနပ်ရမည်။ အံ့သြဝမ်းသာရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းကိုက်မည်။ ကံကောင်းစေသောဂဏန်းမှာ (ဝ/၈/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် ကောက်ညှင်းပေါင်းလှူပါ။
.

No comments:

Post a Comment