တာချီလိတ်၌ ထိုင်းနိုင်ငံသား ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, February 11, 2019

တာချီလိတ်၌ ထိုင်းနိုင်ငံသား ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


မိုင်းမော(တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နှင့် ၀ိန်းကျောက်ရပ်ကွက်တို့၌ မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ်သည့် ထိုင်းနိုင်ငံသား ဦးကို မူးယစ်ဆေးဝါးများမူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။ 
.
တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးအနီး မူးယစ်ဆေးဝါးသတင်းအရ ဖေဖော်ဝါရီ ၁၀ ရက်ည ၉ နာရီခွဲတွင် စောင့်ဆိုင်းနေစဉ် ထိုင်းနိုင်ငံသူ လက်ချာနွန်းဖေ့လောင်းထောင်းသည် အိပ်ခန်းငှား တိုက်တန်းဘက်မှ ရွှေမြေသာယာဈေး လမ်းပေါ်သို့ လမ်းလျှောက်လာသဖြင့် စစ်ဆေးရှာဖွေရာ ၄င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၅ ပြား၊ အလေးချိန် ၁၀ ဒသမ ၅ ဂရမ်ခန့် (ဒေသတန်ဖိုးငွေကျပ် ၁၀၅၀၀၀)နှင့် ဖုန်း တစ်လုံးတို့အား တွေ့ရှိခဲ့ပြီး တော်ကော့(ပြင်)ရွာ၊ သံလွင်လမ်းသွယ်ရှိ ၄င်းနေအိမ်အား ဆက်လက်ရှာဖွေရာ အခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၈၀ ပြား၊ (ဒေသတန်ဖိုးငွေကျပ် ၆၀၈၀၀၀၀)အား လည်းကောင်း၊ Ecstasy ဟု ယူဆရသော အဖြူ/အစိမ်း/အညိုရောင် ဆေးပြား ၇၇၆ ပြား၊ (ဒေသတန်ဖိုးငွေကျပ် ၃၁၀၄၀၀၀၀)၊ နေအိမ်မီးဖိုခန်းအတွင်းမှ စိတ်ကြွဆေးပြား ရိုက်ရာတွင် အသုံးပြုသည့် သတ္တုမွှေစက်၊ မော်တာ၊ အခြောက်ခံစက်၊ စတီးကတော့၊ အိတ်ပိတ်စက်၊ တံဆိပ်မှိုချောင်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဆက်လက် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။    
.

အဆိုပါ ထိုင်းနိုင်ငံသူ၏ ထွက်ဆိုချက်အရ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ရွာ၊ ရွှေဟင်္သာလမ်းရှိ BAI TONG ဟိုတယ်၊ အခန်းတစ်ခန်း၌ Mr. Mr.Tidarut Lorprakansit နှင့် ၀မ်နာလီလီလော့ဖူ (အမျိုးသမီး) တို့ နှစ်ဦးအား တွေ့ရှိရပြီး၊ ဆက်လက် ရှာဖွေရာ စိတ်ကြွဆေးပြား ပြား ၊ ICE  (အဖြူရောင် ပုံဆောင်ခဲ) ဂရမ်ခန့်နှင့် ဖုန်း လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
.
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသူ လက်ချာနွန်းဖေ့လောင်းထောင်း၊ (၁၉) နှစ်၊ ဗန်းသနွတ်ရပ်၊ မိုးထာလောင်းမြို့နယ်၊ လက်ချွန်ပူရီခရိုင်၊ ထိုင်းနိုင်ငံနေသူအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၂၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် လည်းကောင်း၊ Mr.Tidarut Lorprakansit (၂၄) နှစ်၊ ထမ်းမွန်းမြို့နယ်၊ ကန်ချနဘူရီခရိုင်နှင့် ၀မ်နာလီလီလော့ဖူ(အမျိုးသမီး)(၂၆) နှစ်၊ ပန်းပုံမြို့နယ်၊ လပ်ဘူရီခရိုင်၊ ထိုင်းနိုင်ငံနေသူတို့ ဦးအား မယ(ပ)၂၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube