တာလေတွင် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အရေးယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 24, 2019

တာလေတွင် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အရေးယူ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီရိကျေးရွာ၊ တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်အား မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ရဲတပ်သား တစ်ဦးကို ဖေဖော်ဝါရီ ၂ဝ ရက်နံနက်ပိုင်းက အရေးယူဆောင်ရွက်ထားကြောင်း တာလေနယ်မြေရဲစခန်းမှ သိရှိရ သည်။
.
.
တာလေမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီရိကျေးရွာ၊ တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်က မော်တော်ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ တာလေနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဇော်မိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်သား ဇော်လင်းထွဋ် မောင်းနှင်ပြီး မမဲလေ (၂၆ နှစ်)၊ ရန်ရှင်း (၂)ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နေသူ လိုက်ပါလာသော Honda Wave I-110 အမျိုးအစား မော်တော်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ရေမြောင်းအတွင်း တိမ်းမှောက် လဲကျနေကြောင်း တွေ့ရှိရပြီး ၎င်းတို့ ၂ ဦးစလုံး ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိသည်။
.
သို့ဖြစ်၍ မော်တော်ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်သားဇော်လင်းထွဋ် အား တာလေနယ်မြေရဲစခန်းက ယာဉ်(ပ) ၂/ ၂ဝ၁၉၊ ရာဇတ်ကြီးပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats