အမြတ်အစွန်း ရရှိရေးအတွက် ကြံကို သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးရန် စိုက်ပျိုးရေး ဒုပြည်နယ်မှူး တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, February 1, 2019

အမြတ်အစွန်း ရရှိရေးအတွက် ကြံကို သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးရန် စိုက်ပျိုးရေး ဒုပြည်နယ်မှူး တိုက်တွန်း


စိုင်းရာဇာ
.
ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးသင် တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရွှေရင်ပြေ ကျေးရွာရှိ တောင်သူအသိပညာ ပေးစင်တာတွင် ပြုလုပ်ရာ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းမှ ကြံစိုက်တောင်သူများအနေဖြင့် သိပ္ပံနည်းများ အတိုင်း စနစ်တကျ စိုက်ပျိုးမည်ဆိုပါက အမြတ်အစွန်း များစွာ ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
.
.
သင်တန်းဆင်းပွဲတွင် ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက ကြံသီးနှံ အဓိကထားစိုက်ပျိုးထုတ် လုပ်မှု မြင့်မားရေးဆိုင်ရာများနှင့် ပတ်သက်၍ တောင်သူများအနေ ဖြင့် သင်တန်းမှသင်ကြားပို့ချပေး လိုက်သည့် စိုက်ပျိုးနည်းစနစ်များ အတိုင်း စနစ်တကျစိုက်ပျိုးသွားရန် နှင့် သိပ္ပံနည်းပညာများဖြင့် စနစ်တကျ စိုက်ပျိုးမည်ဆိုပါက အကျိုးအမြတ် များစွာရရှိမည်ဖြစ်ကြောင်း သင်တန်း ဆင်းအမှာစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
''ကြံဈေးက မနှစ်က တစ်တန် ကို ၅ဝဝဝဝ ဈေးရှိတယ်။ ဒီနှစ်မှာ တစ်တန်ကို ၄၅ဝဝဝ ပဲရတယ်။ ကြံ ဈေး ကျတယ်ဆိုပေမယ့် အမြတ် နည်းတာပဲရှိတယ်။ မြတ်တာတော့ မြတ်ပါတယ်။ ကြံတစ်ဧကကို စစိုက် တဲ့နှစ်မှာ မျိုး၊ မြေသြဇာ၊ ထွန်ရက် ခ၊ လုပ်အားခ စုစုပေါင်း ကုန်ကျငွေ ၈ သိန်း လောက်ရှိတယ်။ မြေနေရာ ပြုပြင်မှုကောင်းရင် တချို့ ၄ နှစ် လောက်အထိ စားရတယ်။ ပထမနှစ် မှာပဲ ၈ သိန်းလောက် ကုန်တာပါ။ နောက်နှစ်ဆိုရင် ၁၆ဝဝဝဝ ကနေ ၂ သိန်းဝန်းကျင်ပဲ ကုန်တယ်။ တစ်ဧက ၃၅ တန်လောက်တော့ ပုံမှန်ထွက် တယ်။ တစ်တန် ကို ၄၅ဝဝဝ ရတယ်။ တစ်ဧက ၁၅ သိန်းလောက်ရတယ်။ နောက်နှစ်တွေဆိုရင် အမြတ်များ များရလာပြီ။ ကျွန်တော်ဆိုရင် ကြံ ဧက ၂ဝ စိုက်ပျိုးထားပါတယ်။ ရတဲ့ ကြံ တွေကို သကြားစက်မှာ သွင်းပါ တယ်။ ထွက်နှုန်းကောင်းဖို့ဆိုရင် စပါးပဲဖြစ်ဖြစ်၊ ကြံပဲဖြစ်ဖြစ် နည်း ပညာပိုင်း သိဖို့လိုပါတယ်။ ကျွန် တော်တို့ အရင်က သမားရိုးကျစိုက်ပျိုး တဲ့ စပါးဆိုရင် တစ်ဧက ၂၅ တင်း လောက်ပဲထွက်တယ်။ သိပ္ပံနည်းကျ၊ စိုက်နည်းစနစ်မှန်မှန် စိုက်ပျိုးတော့ တင်း ၁ဝဝ ကနေ ၁၂ဝ လောက်အ ထိထွက်တယ်။ အထွက်နှုန်းကောင်း တော့ အမြတ် များတာပေါ့''ဟု တိ လောကျေးရွာမှ ကြံစိုက်တောင်သူ ဦးမဲက ပြောသည်။
.
အဆိုပါ ကြံသီးနှံစိုက်ပျိုးထုတ် လုပ်မှု တိုးတက်မြင့်မားရေး ပညာ ပေးသင်တန်းသို့ ညောင်ရွှေမြို့နယ် အတွင်းရှိ ဒေသခံတောင်သူ ၁၄ဝ ကျော်တက်ရောက်ခဲ့ပြီး ကြံစိုက် ပျိုးရေးနည်းပညာများဈေးကွက် ချိတ်ဆက်ရေးဆိုင်ရာများ၊ မျိုး ကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး နည်း စသည့်ကဏ္ဍများဖြင့် စာတွေ့ လက်တွေ့ ၂ ရက်ကြာသင်ကြား ပို့ချပေးခဲ့ကြောင်း ရှမ်းပြည်နယ်စိုက် ပျိုးရေးဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Recent Tube