ကျိုင်းတုံ ပြန်လည်ထူထောင်ရေး စခန်းတွင် မူးယစ်ဆေးဖြတ်သင်တန်း ဖွင့်လှစ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 28, 2019

ကျိုင်းတုံ ပြန်လည်ထူထောင်ရေး စခန်းတွင် မူးယစ်ဆေးဖြတ်သင်တန်း ဖွင့်လှစ်မည်


မင်းဇော်မင်း
.
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင် ရေးစခန်းတွင် လာမည့် ၂ဝ၁၉ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ရပ်ရွာအ ခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
.
''ဌာနက ခွင့်ပြုချက်ရတာနဲ့ဖွင့် မှာဖြစ်ပါတယ်။ မြို့နယ်၊ ခရိုင်၊ ပြည် နယ်အစည်းအဝေးတွေမှာ ဌာနဆိုင်ရာ လူကြီးများထံ တင်ပြထားပါပြီ။ လူဦးရေ ၃ဝ ပဲ ကန့်သတ်ထားတာ ဖြစ်လို့ စာရင်းပေးသွင်းနိုင်ပါပြီ။ သင်တန်းပြီးရင် မူးယစ်ဆေး ပြန်သုံး တယ်/ မသုံးဘူး ဆိုတာကတော့ မိသားစုနဲ့ ပတ်ဝန်းကျင်အခြေ အနေအ ပေါ်မှာ အဓိကကျပါမယ်'' ဟု ကျိုင်း တုံ ပြန်လည်ထူထောင်ရေး စခန်းတာ ဝန်ခံ ဦးမျိုးသက်ထွန်းက ပြောသည်။
.
အဆိုပါသင်တန်းအာ သင်တန်း သား ဦးရေ ၃ဝ ဖြင့်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းရက်မှာ ၃၅ ရက်ဖြစ်ကာ လာမည့် မတ်လ ၄ ရက်မှ ဧပြီလ ၇ ရက်အထိ သင်တန်းဖွင့်လှစ်ရန် လျာ ထားကြောင်းနှင့် ရာမ၊ ဘိန်းဖြူ၊ ဘိန်း၊ အရက် စသည့် မူးယစ်ဆေးစွဲ သူများအား ကျန်းမာရေးနှင့် ကုသ ရေးဌာနမှ ဆေးဝါး ကုထုံးဖြင့် ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။
.
သင်တန်း တက်လိုသူများအနေ ဖြင့် အိပ်ရာလိပ်၊ တစ်ကိုယ်ရေသုံး ဆပ်ပြာ၊ သောက်ရေခွက်၊ ရေခွက် စသည့် အသုံးအဆောင်များနှင့် အတူ အမျိုးသားမှတ်ပုံတင်ပါ ယူ ဆောင်လာရမည်ဖြစ်ကာ မိသားစုမှ သင်တန်း ကာလအတွင်း တနင်္ဂနွေ ရက်များတွင် ဧည့်တွေ့နိုင်ပြီး ဖုန်း၊ ဂိမ်း စသည့်အီလက်ထရောနစ် ပစ္စည်း များ၊ ငွေကြေး အမြောက်အများနှင့် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ ယူဆောင် လာခွင့်မရှိကြောင်း သိရ သည်။
.
သင်တန်းဖွင့်လှစ်မည့် မတ်လ ၄ ရက် နံနက် ၉ နာရီတွင် သင်တန်း သားများကိုစတင် လက်ခံမည်ဖြစ်၍ သင်တန်း တက်လိုသူများအနေဖြင့် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင် ရွာ၊ လွယ်မွေလမ်း၊ နည်းပညာတက္က သိုလ်ရှေ့ရှိ ပြန်လည်ထူထောင်ရေး စခန်းသို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပြီး သင်တန်းရက်အမီ စာရင်းပေး သွင်း နိုင်ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းတွင် သင်တန်း သားတစ်ဦးလျှင် နိုင်ငံတော်မှ ကျပ် ၁ဝဝဝ နှုန်းဖြင့် ကျွေးမွေးမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးစခန်းမှ ရုပ် ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူ ထောင်ရေးနှင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များဖြစ်သည့် အခြေ ခံ ဆိုင်ကယ်ပြင်နှင့် သံဂဟေလုပ်ငန်း ကို သင်ကြားပေးမည်ဖြစ်သလို အ သေးစား စက်မှုလက်မှု ဦးစီးဌာနမှ လည်း စားသုံးကုန်၊ လူသုံးကုန် ထုတ်လုပ်မှု သင်တန်းများကို သင် ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းများကို ရှမ်း ပြည်နယ်အရှေ့ပိုင်းတွင် ၁၉၈ဝ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ ယခု ဖွင့်လှစ်မည့် ဝမ်မိုင်အပြင် လွယ်မွေ၊ မိုင်းဖြတ်၊ ဖပဲ့ကိုရွာတို့တွင် သင် တန်း ၃၇ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၆၉၂ ဦး တက်ရောက် ခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းတွင် အသက်အငယ်ဆုံး ၁၃ နှစ် မှ အ သက်အကြီးဆုံး ၆၅ နှစ်အထိ သင် တန်းသားများ တက်ရောက်ခဲ့ဖူး ကြောင်း သိရသည်။
.

No comments:

Post a Comment