မိုင်းတုံတွင် ၃ တန်းကလေး တစ်ဦး ကျွဲခတ်ခံရသဖြင့် အူထွက်ဒဏ်ရာ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 11, 2019

မိုင်းတုံတွင် ၃ တန်းကလေး တစ်ဦး ကျွဲခတ်ခံရသဖြင့် အူထွက်ဒဏ်ရာ ရရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ၁၃ မိုင်ကျေးရွာတွင် ၃ တန်းကလေးငယ် တစ်ဦးအား ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေပိုင်းက အိမ်မွေး ကျွဲ ခတ်သဖြင့် ဗိုက်ထိကာ အူထွက်ဒဏ်ရာများ ရရှိကာ မိုင်းတုံဆေးရုံသို ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
.
အစာအိမ် အမြေးပါး ၂ နေရာ လောက်ထိ ပါတယ်၊ အခြေအနေကတော့ အူထွက်ပေမယ့် စိုးရိမ်ဖွယ် သိပ် မရှိပါဘူးဟု မိုင်းတုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ကမ္ဘောဇတိုင်သို့ ပြောသည်။
.


မိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းမဘေး ၁၃ မိုင်ကျေးရွာရှိ ဦးစောလှမွန်၏ နေအိမ်တွင် လွန်ခဲ့သည့် ၂ ရက်ခန်က သားပေါက်ထားသည့် ကျွဲမမှ ဦးစောလှမွန်၏ သားဖြစ်သူ ၃ တန်း ကျောင်းသား မောင်ဘီလှမိ၊ (၁၃)နှစ် ကို ခတ်လိုက်ရာ မောင်ဘီလှမိ၏ ၀မ်းဗိုက်သိုထိကာ ပေါက်ထွက်ပြီး အူများ ထွက်လာသဖြင့် မိုင်းတုံမြို့နယ် (၂၅)ခုတင်ဆံ့ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ကျွဲခတ်ခံရသူ မောင်ဘီလှမိ၏ ဒဏ်ရာမှာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် သက်သာလာနေပြီ ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment

Journal Download

Photo of three cats