ကျိုင်းတုံမြို့တွင် အလှပြင်ဆိုင်လုပ်ငန်းများ တိုးများလာကာ အဆင်ပြေနေလျက် ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, February 1, 2019

ကျိုင်းတုံမြို့တွင် အလှပြင်ဆိုင်လုပ်ငန်းများ တိုးများလာကာ အဆင်ပြေနေလျက် ရှိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့တွင် အမျိုးသား/အမျိုးသမီး ဆံသနှင့် အလှပြင်ဆိုင် လုပ်ငန်းများသည် မြို့၏ စီးပွားရေးပြယုဂ်အဖြစ် တိုးတက်ဖွံ့ဖြိုးနေပြီး အဆင်ပြေနေလျက်ရှိကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
ကျိုင်းတုံမြို့တွင် ယခင်က အမျိုးသား/အမျိုးသမီး ဆံသနှင့်အလှပြင် ဆိုင်လုပ်ငန်း ၁၂ ခုခန့်သာ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအထိ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနတွင် မှတ်ပုံတင်ခွင့် ပြုထားသော ဆံသနှင့် အလှပြင်ဆိုင်လုပ်ငန်းမှာ ၄၄ ခုအထိ ရှိလာကြောင်း သိရသည်။
.
ဆံသနှင့် အလှပြင်လုပ်ငန်းတွင် အမျိုးသားဆံသ လုပ်ငန်းသည် ရာသီမရွေး ပုံမှန်လုပ်ငန်း လည်ပတ် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သော်လည်း အမျိုးသမီး အလှပြင်ဆိုင် လုပ်ငန်းမှာ နေ့စဉ် ခေါင်းလျှော်ခြင်းကိုသာ အဓိက ဆောင်ရွက်ပေး နေရသည်ဟု အလှပြင်ဆိုင် လုပ်ငန်းများမှ သိရသည်။
.

ကျွန်တော်ဆိုရင် အနည်းဆုံး တစ်လမှာ တစ်ခါလောက် ဆံပင်ညှပ် ရပါတယ်။ ဆံပင်ညှပ်ဆိုင်မှာ သတင်းစာ ဂျာနယ်ဖြစ်စေ ဖတ်ရင်းနဲ့ ကိုယ့် အလှည့်ကို စောင့်နေရတတ်ပါတယ်။ လူကြီးဆံပင်ညှပ် ရိုးရိုး ၁၅၀၀ ကျပ်ပါ။ ခေါင်းလျှော်မယ်၊ ဆေးဆိုးမယ် ဆိုရင်တော့ ၃၀၀၀ လောက် ပေးရပါတယ်””ဟု ကျိုင်းတုံမြို့နေ ဦးကျော်စိုး လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အမျိုးသမီး အလှပြင်ဆိုင် လုပ်ငန်းနှင့် ပတ်သက်၍ လက်ထောက်အလှပြင်ဆရာမ တစ်ဦးဖြစ်သူ နန်းရွှေရည်ဖူးကလည်း အလှူ ပွဲ၊ မင်္ဂလာဆောင်ပွဲနဲ့၊ တက်္ကသိုလ်ဘွဲ့ နှင်းသဘင်တွေ၊ ကျောင်းဆင်းပွဲတွေ ရှိတယ်ဆိုရင် ဆိုင်စဖွင့်ပြီ ဆိုကတည်းက ညမိုးချုပ်အထိ လက်မလည်ပါဘူး။ ပွဲ မရှိချိန်ဆိုရင်တော့ ပုံမှန်ခေါင်းလျှော်ပေးရတာ ရှိပါတယ်။ ဆံပင် ခြောက်သွားရင်လည်း အခမဲ့ မေတ္တာ လက်ဆောင်အဖြစ် စက်ဆွဲပေးပါတယ်။ လက်သည်းနဲ့ ခြေသည်း အလှပြင်၊ ပန်းပုံဖော်တာကိုလည်း လုပ်နေတော့ အဆင်ပြေပါတယ်ဟု ပြောသည်။
.
ကျိုင်းတုံမြို့ရှိ အမျိုးသား/အမျိုးသမီး ဆံသနှင့် အလှပြုပြင်ရေး လုပ်ငန်းများ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ၊ ဖိတ်စာ၊ ဗွီနိုင်း၊ ဆိုင်းဘုတ်လုပ်ငန်းများ၊ အိမ်ခြံမြေ ရောင်း/၀ယ်/ငှား ၀န်ဆောင်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ရွှေတြိဂံဂေါက်ကလပ်နှင့် မြို့မဈေးများတွင် အရောင်း အ၀ယ်နှင့် ၀န်ဆောင်မှု လုပ်ငန်းများ၊ စားသောက်ဆိုင် လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ကြည့်၍ မြို့နယ်၏ စီးပွားရေးတိုးတက်မှု အခြေအနေကို အကဲဖြတ်နိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ပြောဆိုခဲ့သည်။

No comments:

Post a Comment

Recent Tube