ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးသို့ ရောက်ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, February 6, 2019

ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးသို့ ရောက်ရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ထွက်ခွာလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်၊ ည ၇ နာရီကျော်ခန့်တွင် ဟဲဟိုးလေဆိပ်မှ တဆင့် တောင်ကြီးမြို့သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကာ အတိုင်ပင်ခံပုဂ္ဂိုလ်အား တောင်ကြီးဒေသခံ တစ်သောင်းကျော်ခန့်က လမ်းဘေး ၀ဲယာမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကြီးဟိုတယ်၌ ညအိပ်အနားယူမည် ဖြစ်ပြီး ဖေဖော်ရီလ ၇ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်း၌ ပြုလုပ်မည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်ကာ နေ့လယ်ပိုင်းတွင် အထက(၂)ကျောင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီးနောက်  ရှမ်းပြည်နယ် တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(SSSCCI) ရုံးအား ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
.

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဒေသခံတိုင်းရင်းသား ပြည်သူများက ပေးအပ်၊ တင်ပြမည့် တိုင်ကြားစာများနှင့် ပန်းစည်းများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တဆင့် ပေးပို့ တင်ပြနိုင်ပြီး ယင်းကဲ့သို့ စီစဉ်ရခြင်းမှာ အကြီးအကဲ၏ လုံခြုံရေးအရ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Recent Tube