တပ်မတော်မှ စခန်းအသစ်များ တိုးချဲ့မှုများ ရှိနေဟု TNLA မှ ထုတ်ပြန်ခဲ့သော်လည်း တပ်မတော်မှ မရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်မှ စခန်းအသစ်များ တိုးချဲ့မှုများ ရှိနေဟု TNLA မှ ထုတ်ပြန်ခဲ့သော်လည်း တပ်မတော်မှ မရှိဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တပ်မတော်မှ စခန်းအသစ်များ တိုးချဲ့ဆောက်လုပ်နေသည်ဟု ဇန်န၀ါရီလ ရက်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူမှ စခန်းအသစ်များ တိုးချဲ့မှု မရှိကြောင်း ပြောကြားခဲ့သည်။


.
စခန်း ဆောက်တာ လုံးဝ မရှိပါဘူး၊ ရောက်တဲ့နေရာမှာ ယာယီ အခြေပြုထားတဲာ ရှိပါတယ်၊ စစ်ဆင်ရေး လပ်ရှားတာကနေ ၂၁ ရက်နေ သတင်းထုတ်ပြန်ချက် နောက်ပိုင်း တပ်တွေ အားလုံး အတွင်းက ထွက်လာပြီး အခြေပြုလို့ အဆင်ပြေတဲ့နေရာမှာ ယာယီအခြေပြုထားတဲာ ရှိပါတယ်စခန်းဆောက်တာ ဘာညာ လုံးဝ ခွင့်ပြုထားတာ မရှိပါဘူး။” ဟု အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီး ၀င်းထွဋ်လေးက ကမ္ဘောဇတိုင်း၏ ဆက်သွယ် မေးမြန်းချက်အား ဖြေကြားခဲ့သည်။
.

တပ်မတော် တပ်ရင်းများမှ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် တပ်စခန်း အသစ်များ တိုးချဲ့လာမှုများ ဆက်တိုက်လုပ်ဆောင်လာရာ စစ်စခန်း ၁၂ ခု အထိ တိုးချဲ့ လာနေကြောင်းနှင့် ယင်းအတွက် စစ်ရေးပဋိပက္ခ ပိုမိုတိုးများလာစေနိုင်ခြင်းကြောင့် အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းကို TNLA မှ ဇန်န၀ါရီလ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တပ်မတော်အနေဖြင့် စခန်းသစ်၊ နေရာသစ်များ ထပ်မံ မတိုးချဲ့ရန်နှင့် တိုးချဲ့ပြီး စခန်းသစ်များအား ပြန်လည် ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေအထိ တိုင်းစစ်ဌာနချုပ် ၅ ခု၏ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

Journal Download

Photo of three cats