တောင်ကြီးမှ NLD လွှတ်တော်ကိုယ်စားလှယ်များ ရွှေညောင်မြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ NLD လွှတ်တော်ကိုယ်စားလှယ်များ ရွှေညောင်မြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်တို့သည် ဇန်နဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းတွင် ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဆောက်အဦတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
“လွှတ်တော်ပိတ်ရက်မှာ လူထုနဲ့ တွေ့ဆုံတဲ့ ရိုးရိုးသာမန်ပွဲပါပဲ။ ဘာအကြောင်းအရာမှ ထွေထွေထူးထူး မရှိပါဘူး။ သူတို့တင်ပြတောင်းဆိုတာ ရှိရင်တော့ ပြန်လည်တင်ပြပေးသွားမှာပါ။ ပြည်နယ်အဆင့်နဲ့ ပြီးတဲ့ကိစ္စဆိုရင် ပြည်နယ် အဆင့်ပေါ့။ ပြည်နယ်အဆင့်မှာ မပြီးပြတ်နိုင်တဲ့ကိစ္စဆိုရင် လွှတ်တော်ကို တင်ပြပေးသွားမှာပါ။ ဒါပေမဲ့ သူတို့လိုအပ် ချက်တွေကလည်း ဘတ်ဂျက်လျာထားတဲ့အထဲမှာ ပါပြီးသားပါ”ဟု တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါတွေ့ဆုံပွဲသည် လွှတ်တော်ပိတ်ရက်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ ပုံမှန်တွေ့ဆုံမှုသာဖြစ်ပြီး အခြားသော မဲဆန္ဒနယ်များတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ ပုံမှန်တွေ့ဆုံမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော်နှင် အမျိုးသားလွှတ်တော်တို့တွင် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရှမ်းပြည်နယ်လွှတ်တော်နေရာ၌ အနိုင်ရရှိထားသည်
.

Journal Download

Photo of three cats