တောင်ကြီးမြို့ဝင် မုခ်ဦး အနီးတစ်ဝိုက်တွင် အုပ်စုဖွဲ့၍ အရက်သေစာ သောက်စားခြင်းများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, January 30, 2019

တောင်ကြီးမြို့ဝင် မုခ်ဦး အနီးတစ်ဝိုက်တွင် အုပ်စုဖွဲ့၍ အရက်သေစာ သောက်စားခြင်းများ ရှိနေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့နယ်၊ အေးသာယာမြို့ရှိတောင် ကြီးမြို့ဝင် မုခ်ဦးအနီးတစ်ဝိုက်တွင် အုပ်စုဖွဲ့၍ အရက်သေစာ သောက်စား ခြင်းများ၊ အုပ်စုဖွဲ့၍ ဂစ်တာတီး သီ ချင်းသီဆိုခြင်းများ ပြုလုပ်လျက်ရှိသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် ဒေသန္တရအမိန့်တစ်ရပ် ထုတ်ပြန်တားမြစ်ပေးရန် လိုအပ်နေသည်ဟု ဒေသခံပြည်သူ များမှ ပြောဆိုလျက်ရှိသည်။
.
 
.
''ညဘက်တွေ ဖြတ်သွားရင် အမြဲတမ်းတွေ့နေရတယ်။ အုပ်စုဖွဲ့ပြီး တော့ အရက်သေစာ သောက်စားနေ ကြတယ်။ ဂစ်တာတီးတယ်။ သီချင်း တွေ အော်ကြီးဟစ်ကျယ် ဆိုကြ တယ်။ ဒါကြောင့် ဒီတောင်ကြီးမြို့ပေါ် မှာလိုပဲ ဒေသန္တရအမိန့်တစ်ရပ် ထုတ် ပြန်တားဆီးပေးစေလိုပါတယ်။ အဲဒီ နေရာက နိုင်ငံခြားသား ဧည့်သည် တွေရော တစ်နိုင်ငံလုံးက ဧည့်သည် တွေ ဝင်ထွက်သွားလာနေတာ ဖြစ်တဲ့ အတွက် အမြင်မသင့်တော်ဘူး။ နောက်ပြီး ခိုက်ရန်ဖြစ်ပွားတာတို့လို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ် ပေါ်လာနိုင်တယ်။ အချိန်လေးတစ်ခုကို သတ်မှတ်ပေးလိုက်မယ် ဆိုရင် တော့ တော်တော်များများ ရှိန်သွား ကြမှာပေါ့''ဟု တရားဥပဒေ စိုးမိုးရေး ကွန်ရက်မှ ကိုဝင်းနိုင်စိုးက ¤င်း၏အ မြင်ကို ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
အဆိုပါ မုခ်ဦးအနီးတစ်ဝိုက် ပတ်ဝန်းကျင်တွင် လူမြင်ကွင်း၌ အရက်သေစာ သောက်စားခြင်း၊ အုပ်စုဖွဲ့ ဂစ်တာတီး၊ သီချင်းဆိုအော်ဟစ် ခြင်းများကြောင့် မြို့တော်၏ ဂုဏ်သ ရေကို ညှိုးနွမ်းစေနိုင်ခြင်းနှင့် ခိုက်ရန် ဖြစ်ပွားမှုနှင့် လုယက်မှုများကဲ့သို့ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် ဒေသန္တအမိန့်တစ်ရပ် ထုတ်ပြန် တားမြစ်ပေးရန် လိုအပ်လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး ကလည်း ပူးပေါင်းပါဝင်ပေးရန် လို အပ်သကဲ့သို့ အာဏာပိုင် အဖွဲ့အစည်းများမှလည်း ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးရန် လိုအပ်နေ ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
.
အလားတူ တောင်ကြီးမြို့နေ ကို ချမ်းငြိမ်းကလည်း ''ကျွန်တော်တို့ တောင်ကြီးမြို့ဆိုတာ ပြည်နယ်ရဲ့ မြို့တော် လည်းဖြစ်တယ်။ ဘုရားဖူးဧည့်သည်တွေ၊ ပြည်တွင်းပြည်ပက ခရီး သွားဧည့်သည်တွေ နေ့စဉ်လိုလို ဝင်ထွက် သွားလာနေတဲ့ မြို့တစ်မြို့လည်း ဖြစ်တယ်။ အဲလိုမြို့မှာ ညနေမှောင်တဲ့အချိန်ကစပြီး လူငယ်တွေ၊ တချို့ ဆို မိန်းကလေးတွေပါ ပါတယ်။ သောက်စားမူးယစ်နေကြတယ်။ ဂစ် တာတီးကြတယ်။ အော်ကြတယ်။ အဲဒီလို လုပ်ရပ်တွေဟာ ဖြတ်သန်းသွား နေတဲ့ အများပြည်သူတွေ၊ အနီးပတ် ဝန်းကျင်က လူတွေကို စိတ်အနှောင့် အယှက် ဖြစ်တယ်။ ကိုယ့်မြို့အတွက်  သိက္ခာကျဆင်းစေနိုင်တဲ့ လုပ်ရပ်တစ် ခုလည်း ဖြစ်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေက ဒေသန္တရ အမိန့် ထုတ်ပြန်တာမျိုးဖြစ်ဖြစ်၊ နည်း လမ်းတစ်ခုခုနဲ့ တားမြစ်ပေးစေလိုပါတယ်''ဟု ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် အိမ်တော် ထင်းရှူးတောအပါအဝင် အိမ် တော်အတက်လမ်း၊ ဗိုလ်ချုပ်အောင် ဆန်း လမ်းမကြီး၊ ညဈေးနာရီစင်၊ အ ဝေရာကုန်းသာယာ မီးပုံးပျံကွင်းအစ ရှိသည့် နေရာများတွင် အရက်သေ စာ သောက်စားခြင်း၊ မူးယစ်ရမ်းကား ခြင်း မပြုရန် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်က တောင်ကြီးမြို့နယ် အ ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီးဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube