မြန်မာနိုင်ငံ၏ ပထမဆုံး လိုဏ်ဂူအခြေပြုသွားလုပ်ငန်းကို ရှမ်းပြည်နယ်တွင် ဖော်ဆောင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံ၏ ပထမဆုံး လိုဏ်ဂူအခြေပြုသွားလုပ်ငန်းကို ရှမ်းပြည်နယ်တွင် ဖော်ဆောင်မည်



ရဲရင့်ဇွဲ
.
မြန်မာနိုင်ငံ၏ ပထမဆုံး လိုဏ်ဂူ အခြေပြုခရီးသွားလုပ်ငန်း(Caving Tourism) ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အတွင်းရှိ လောက်စလုံးဂူနှင့် ဂျပန်ဗိုလ်မှူးဂူ အပါအဝင် ဂူပေါင်း ၃ဝ ကျော်တွင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာ ရေးဦးစီးဌာနမှ သိရသည်။
.
 
.
''မြန်မာနိုင်ငံမှာတော့ ပထမဆုံး ပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖော်ဆောင်မှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးနေတဲ့ အနေအထားပဲ ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရ ကိုလည်း တင်ပြထားတယ်။ ခွင့်ပြုတာနဲ့ စလုပ်မှာပါ။ ဘယ်ကာလဒေသ အပိုင်းအခြားဆိုတာတော့ မသိသေးပါဘူး''ဟု ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူး ဦးဝင်း အောင်က ပြောကြားခဲ့သည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဂူများကို အခြေခံပြီး Caving Tourism ဖော်ဆောင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယင်းဂူအနီးအနားပတ်ဝန်းကျင်တွင် ဂူပေါင်း ၂ဝ ကျော်ရှိသော်လည်း ကပ်လျက်ဂူများမှာ ၁ဝ ဂူခန့်သာရှိပြီး ၃ ဂူကို ဝင်ရောက် ကွင်းဆင်းနိုင်ခဲ့ ကြောင်း သိရသည်။
.
ယင်းဒေသအတွင်းရှိ ရေဝင်ဂူနှင့် အနီးအနား၌ လောက်စလုံးအရွယ် အစားရှိသည့် ကျောက်စရစ်ခဲပုံစံ မြေ စာကျစ်များ ရှိသည့်ဂူရှိပြီး ပါပန့်ရွာ အနီးပတ်ဝန်းကျင်တွင် လေ့လာနိုင်သည့်  ဂူမှာ ၁ဝ ဂူဝန်းကျင်သာ ရှိ ကြောင်းနှင့် လက်ရှိ ကွင်းဆင်းလေ့ လာနေသည့် အဆိုပါဂူများသို့ နိုင်ငံ ခြားသား လည်ပတ်ခွင့် မရရှိသေး ကြောင်း၊ ယခုကဲ့သို့ ကွင်းဆင်း ဆောင်ရွက်ခြင်းမှာလည်း ဂူများသို့ ဧည့်သည်ဝင်ရောက်မှု များပြားလာပါ က သဘာဝအလှအပများ မပျက်စီး စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် တို့ကို ဝန်ကြီးဌာနအနေဖြင့် ထုတ် ပြန်ပေးပြီးမှသာ လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
.
၎င်း Caving Tourism ဖော်ဆောင် ရန်အတွက် GIC မှ ရှမ်းပြည်နယ် အစိုးရသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ကွင်း ဆင်း စစ်ဆေးပေးရန် ညွှန်ကြားခဲ့ ခြင်းကြောင့် သွားရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ဖြစ်နိုင်ချေ များစွာရှိသော ဂူများအား ရေရှည် ထိန်းသိမ်းစေရန်အတွက် လည်း ဂူထိန်းသိမ်းရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ် မှ စတင်၍ ဒေသခံများအား သင်တန်း များ ပေးပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါလောက်စလုံးဂူနှင့် ဂျပန် ဗိုလ်မှူးဂူ အကြားတွင် မြေပြန့်ကွင်း ပြင်ကြီး ရှိပြီး ယင်းကွင်းပြင်၌ ရွက်ဖျင်တဲ များဖြင့် အိပ်စက်နိုင်ကာ အစားအသောက်များကို အနီးနားရှိ ရွာမှ ချက်ကျွေးနိုင်သည့် ဝန်ဆောင်မှု များကို ထည့်သွင်းပြီး ခရီးစဉ်ကို စီစဉ်နိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats