ဟိုပုံးတွင် အမျိုးသားတစ်ဦးကို လူ ၅ ဦးမှ ဝိုင်းရိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် အမျိုးသားတစ်ဦးကို လူ ၅ ဦးမှ ဝိုင်းရိုက်



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အမျိုးသားတစ်ဦးကို လူ ၅ ဦးမှ တုတ်ဖြင့် ဇန်နဝါရီလ ၁၈ ရက် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.
ဟိုပုံးမြို့နယ်၊ ရန်ကင်းကျေးရွာနေ ကိုအောင်ထိပ် (၂၈ နှစ်) သည် ဟိုပုံးမြို့၊ တောင်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း စုံညီပွဲတော်တွင် ဓါတ်ပုံရိုက်ပြီးနောက် သူငယ်ချင်းဖြစ်သူနှင့်အတူ လေးအိမ်ကုန်းရပ်ရှိ ယောက္ခမနေအိမ်သို့ သွားရောက်စဉ် ဗောင်းဗောင်း အပါအဝင် အမျိုးသား ၅ ဦးက တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ သောကြောင့် ကိုအောင်ထိပ်၏ ဝမ်းဗိုက်ယာဘက်တွင် ပြတ်ရှဒဏ်ရာ၊ ယာလက်ဖျံ ပွန်းပဲ့နာကျင်ဒဏ်ရာ၊ ဝဲလက်မ နာကျင်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
“လူငယ်ချင်း စကားများရန်ဖြစ်ကြတာပါ။ တရားခံတွေကိုလည်း ဖမ်းဆီးရမိပါတယ်။ အာမခံပေးလို့ရတဲ့ အမှုဖြစ်တဲ့ အတွက် အာမခံနဲ့ ပြန်လွှတ်ထားပါတယ်”ဟု ဟိုပုံးမြို့မရဲစခန်းမှ ရဲအုပ် ခင်မောင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိုအောင်ထိပ်အား ဝိုင်းဝန်းရိုက်နှက်ခဲ့သူ ဗောင်းဗောင်းပါ အမျိုးသား ၅ ဦးကို ဟိုပုံးမြို့မရဲစခန်းမှ (ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

Journal Download

Photo of three cats