မိုးနဲတွင် ကျပ်သိန်း ၂၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းမဲဟု ယူဆရသော မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 4, 2019

မိုးနဲတွင် ကျပ်သိန်း ၂၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းမဲဟု ယူဆရသော မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ တွင် ဇန်နဝါရီလ ၃ ရက်၊ ညပိုင်းက တန်ဖိုး ငွေကျပ် သိန်း ၂၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းမဲဟု ယူဆရသော မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မိုးနဲမြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ နားခံကျေးရွာအနီး၊ မိုးနဲ-နမ့်စန်သွား ကားလမ်းတွင် ဇန်နဝါရီလ ၃ ရက်၊ ည ၇ နာရီခန့်က မိုးနဲတပ်နယ်ပူးပေါင်းအဖွဲ့ ခမရ(၅၁၈)မှ လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် ကျိုင်းတောင်းဘက်မှ မောင်းနှင်လာသော အဖြူရောင်ကင်တာ အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန်အတွက် တားမြစ်ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်ပေါ်မှ လူ ၃ ဦးမှာ ဆင်းပြေးသွားခဲ့ပြီး ယာဉ်အား စစ်ဆေးရာ ဘိန်းမဲဟု ယူဆရသော အမဲရောင်အစေးများ စစ်ဆေးတွေ့ ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မနေ့ ည ၇ နာရီ လောက်က မိတယ်။ ကားပေါ်က ၃ ယောက်က ထွက်ပြေးသွားတယ်။ အဲဒါကိုလည်း မိုးနဲမိုမြို့မရဲစခန်းက တာဝန်ရှိသူတွေ လိုက်လံစစ်ဆေး နေပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါမော်တော်ယာဉ်ပေါ်တွင် ပီနံအိတ်များဖြင် ထည့်ထားသော ဘိန်းဆီခဲ စုစုပေါင်း အလေးချိန် ၄၅၂ ကီလိုဂရမ် ခန့်၊ ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၂၇၁၂၀၀၀၀၀ အား စစ်ဆေးရှာဖွေတွေ့ရှိခဲ့ပြီး တရားမဝင် ဘိန်းမဲဟု ယူဆရသော မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသည့် ထွက်ပြေးတိမ်းရှောင်နေသူများကို မိုးနဲမြို့ မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Recent Tube