ကျိုင်းလပ်၌ အရက်မူးနေသည့် သားကိုဆုံးမရာမှ ဖခင်ဖြစ်သူ ဓါးထိုးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းလပ်၌ အရက်မူးနေသည့် သားကိုဆုံးမရာမှ ဖခင်ဖြစ်သူ ဓါးထိုးခံရ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ဝမ်း (၃) ကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက်ညပိုင်းက အရက်မူးလွန်နေသည့် သားဖြစ်သူမှ ၎င်းအားဆုံးမသည့် ဖခင်အရင်းကို ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ဝမ်း(၃)ကျေးရွာနေ ဦးအိုက်ခမ်း (၇ဝ နှစ်) သည် ၎င်း၏သား ဖြစ်သူ မောင်ပါန(၂ဝ နှစ်)မှာ အရက်မူးလွန်ကာ သောင်းကျန်းနေသဖြင့် ဆုံးမရာ သားဖြစ်သူမှ အရိုးအသွား ၈ လက်မခွဲခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးရာ ဝမ်းဗိုက်ချက်ဝဲဘက်တွင် ပြတ်ရှထိုးသွင်းဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

.
''သားဖြစ်သူ အရက်မူးလွန်နေတာကို အဖေကပြောဆိုဆုံးမတာမှာ ဒေါသအလျောက် ဓါးနဲ့ထိုးတဲ့အမှုပါ။ ဒဏ်ရတဲ့ ဖခင်ဖြစ်သူကို ဆေးစာရေးပြီး တာချီလိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်” ဟု မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
သို့ဖြစ်၍ အရက်မူးလွန်ကာ ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုးသူ မောင်ပါန(၂ဝ နှစ်)၊ နမ့်ဝမ်း(၃)ကျေးရွာ၊ ကျိုင်းလပ်မြို့နေသူအား မိုင်းပါလျှိုးနယ်မြေရဲစခန်းက (ပ)၁/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats