မိုင်းတုံမြို့တွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, January 3, 2019

မိုင်းတုံမြို့တွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး


မင်းဇော်မင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိတ်ဆွေးဖြစ်သူ၏ နေအိမ်၌ တည်းခိုနေထိုင်စဉ် ဇန်န၀ါရီလ ၂ ရက်၊ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ ဦးစံခတ် ဆိုသူဖြစ်ပြီး မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ ဦးအိုက်တူး၏ နေအိမ်၌ တည်းခိုနေထိုင်စဉ် နေအိမ်၏ တောင်ဘက် ၃၀ ပေအကွာရှိ သရက်ပင်တွင် အရှည် ၁၃ ပေခန့်ရှိ နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကာ အလောင်းအား မိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များကာ သွားရောက်စစ်ဆေး၍ မိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

သတ်သေတဲ့ လက္ခဏာတော့ တွေရတယ်မကြာခဏ လာလည်နေကျအရင် အလုပ် အတလုပ်ူးတယ်အိမ်မှာတည်းနေကျလို့ အိမ်ရှင်က ပြောတယ်သေမှုသေခင်း ဖွင့်ပြီးတော့ စစ်ဆေးနေပါတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ကျော်မင်းခိုင်က ပြောကြားသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မိုင်းတုံမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၉)ဖြင့် အမှုဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Recent Tube