တောင်ကြီးမြို့၊ ဗိုလ်ချူပ်လမ်းဘေးရှိ ပလက်ဖောင်းပေါ်၌ လမ်းသွားလမ်းလာများအတွက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အပေါက်ကြီးများ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဗိုလ်ချူပ်လမ်းဘေးရှိ ပလက်ဖောင်းပေါ်၌ လမ်းသွားလမ်းလာများအတွက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အပေါက်ကြီးများ ဖြစ်ပေါ်နေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးဘေးရှိ ပလက်ဖောင်းပေါ်၌ လမ်းသွားလမ်းလာများအတွက် ထိခိုက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အ ပေါက်ကြီးများ ဖြစ်ပေါ်နေပြီး အမြန် ဆုံး ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုလျက် ရှိသည်။
.
.
''အဲဒီ ပလက်ဖောင်းအပေါက် တွေက အရင်ကတည်းက ရှိခဲ့တယ်။ အခုထိလည်းရှိနေတုန်းပဲ။ မတော်တဆ ဒီအပေါက်တွေကနေပြီး တောင်ကြီးမြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေ၊ ကမ္ဘာလှည့်ခရီး သွားတွေ ကျွံကျသွားခဲ့သည်ရှိသော် ကိုယ့်နိုင်ငံရဲ့ ပြယုဂ်ကို ကျဆင်းသွား စေနိုင်တယ်။ ဒီနေရာက တောင်ကြီး မြို့ရဲ့ အဓိက လမ်းမကြီးဘေးမှာ အများပြည်သူတွေ သွားလာနေကြတဲ့ နေရာဖြစ်တဲ့အတွက် ဘယ်လိုမှ ရှိမ နေသင့်ပါဘူး။ သက်ဆိုင်ရာဌာနတွေ အနေနဲ့ အမြန်ဆုံးပြု ပြင်ပေးစေ လိုပါတယ်''ဟု တောင်ကြီးဒေသခံ ဦးဆန်းဝင်းက ကမ္ဘောဇတိုင်းသို့ပြော ကြားခဲ့သည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ပလက်ဖောင်းပေါ်တွင် အပေါက်ကြီးများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသော်လည်း စနစ်တကျ ပြုပြင်ပေးခြင်းမရှိသဖြင့် လမ်းသွား လမ်းလာများအတွက် အန္တရာယ်ဖြစ် ပေါ်စေနိုင်ခြင်းကြောင့် စနစ်တကျပြု ပြင်ပေးရန်ဒေသခံပြည်သူများမှ လိုလားလျက်ရှိသည်။
.
''အဲဒီနေရာက အသွားအလာလည်းများတဲ့နေရာပါ။ အဲဒီလိုအပေါက်ကြီးတွေရှိနေတာက အန္တရာယ်များပါတယ်။ အရင်ကလည်း နိုင်ငံရေးသမား တစ်ယောက် ကျွံကျဖူးတယ်။ ကလေးသူငယ်တွေ၊ ကျောင်း သား/ကျောင်းသူတွေ အဲဒီပလက် ဖောင်းပေါ်ကဖြတ်သန်းရင် ဆော့ကစားပြီးဖြတ်သွားနေတာတွေရှိတော့ စိုးရိမ်ရတယ်။ ပြုပြင်သင့်နေပြီ။ ပြု ပြင်မယ်ဆိုရင်လည်း စနစ်တကျ လေးနဲ့ ရေရှည်ခိုင်ခံ့ဖို့အတွက် ပြု ပြင်ပေးသင့်ပါတယ်''ဟု တောင်ကြီး မြို့ဒေသခံပြည်သူတစ်ဦးက ကမ္ဘောဇ တိုင်းသို့ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ သြ ဂုတ်လ ၅ ရက်၊ ညနေပိုင်းက ယင်းပလက်ဖောင်းရှိ အပေါက်ကြီး တစ်ခုတွင် နိုင်ငံရေး လေ့လာသူ တစ်ဦး ဖြစ်သည့် ရှမ်းပြည်နိုင်ငံရေး အဖွဲ့မှ ဦးတင်မောင်တိုးမှာ လမ်းသွားရင်း ကျွံကျမှုဖြစ်ပွားခဲ့ပြီး ပေါင်ရိုးကျိုး ဒဏ်ရာ ရရှိခဲ့ဖူးကြောင်း သိရသည်။
.

Journal Download

Photo of three cats