နောင်ချိုတွင် နက္ခတ်တာရာဆိုင်ရာ ရှမ်းပြည်ကြယ်ကြည့်ပွဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် နက္ခတ်တာရာဆိုင်ရာ ရှမ်းပြည်ကြယ်ကြည့်ပွဲ ပြုလုပ်မည်



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်လှကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ ရှမ်းပြည်ကြယ်ကြည့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲအား ဦးဆောင်ပြုလုပ်မည့် Myanmar Astronomy & Science Enthusiasts Society (MASES) အဖွဲ့မှ ဦးမင်းဇော်မိုး ထံက သိရသည်။
.
.
“စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့၊  နက္ခတ်တာရာတွေနဲ့ ပတ်သက်တဲ့အတွေ့အကြုံသစ်တွေ ရရှိနိုင်စေဖို့ အတွက် ဒီပွဲကို စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။ နက္ခတ်ဗေဒင်မဟုတ်ပါဘူး။ သိပ္ပံဆိုင်ရာ အတတ်ပညာတစ်ခုပါပဲ။ ရှမ်းပြည်ကြယ်ကြည့်ပွဲပြီးရင် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ထပ်လုပ်ဖို့ရှိပါတယ်”ဟု ဦးဇော်မိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ MASES အဖွဲ့သည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီး မြန်မာနိုင်ငံအတွင်း လေ့လာမှု အားနည်းနေ သည့် နက္ခတ်တာရာပညာရပ် ကဏ္ဍအား ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ကာ အထူးသဖြင့် လူငယ်ထုအား ရည်ရွယ်ကာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
.
ရှမ်းပြည်ကြယ်ကြည့်ခရီးစဉ်တွင် နက္ခတ္တပညာရှင် နာယက ဦးသိန်းမြင့် ကဦးဆောင်ကာ မြန်မာ့နက္ခတ်နှင့် အနောက်တိုင်းနက္ခတ် တို့ကို သင်ကြားပေးမည်ဖြစ်ပြီး ကောင်းကင်ယံရှိ ဂြိုလ်များ၊ ကြယ်များ၊နှင့် ဓာတ်ငွေ့ တိမ် တိုက်များကို ပကတိမျက်စိနှင့် တွေ့နိုင်မြင်နိုင်မှုကို သင်ကြားပေးမည်ဖြစ်ပြီး နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးများ ဖြင့်လည်း ကြည့်ရှုလေ့လာတတ်ရေး သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
MASES အဖွဲ့အနေဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ လူငယ်၊ လူထုအဖွဲ့အစည်းများအား နက္ခတ် တာရာဆိုင်ရာ ပညာရပ် အသိပညာပေးခြင်းလုပ်ငန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိရာ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် ရာသီဥတုကင်းစင်ရန် လိုအပ်ခြင်း၊ လ အလင်းရောင်မရှိသည့် လဆုတ်  ရက်နှင့် လဆန်း ၇ ရက်ကြား ကာလတွင် ဖြစ်ရန် လိုအပ်ခြင်း စသည့်အချက်များပေါ် မူတည်ကာ စီစဉ်ရပြီး နေဝင် ချိန်မှ နေထွက်ချိန်အထိ ကြယ်ကြည့်ခြင်း နက္ခတ်တာရာများအား ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရှမ်းပြည်ကြည်ကြည့်အစီအစဉ်ပြုလုပ်မည့် တောင်လှကျေးရွာမှာ နောင်ချိုမြို့၏ တောင်ဘက် ၂၀ မိုင်ခန့်အကွာတွင်ရှိပြီး အဆိုပါရွာအနီးရှိ  ပေ ၂၀၀၀ ခန့်မြင့်သည့် တောင်ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats