တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, January 31, 2019

တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်


တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကို မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ဒေသတွင် ယနေ့ ဇန်န၀ါရီလ ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
(Photo - cincds)

အဆိုပါ စစ်ဆင်ရေး လေ့ကျင့်ခန်းကို ဘုရင့်နောင် လေ့ကျင့်ခန်းဟု အမည်ပေးထားပြီး ရန်သူ့နေရာတွင် ပစ်မှတ်များကို ဖန်တီး၍ တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ တပ်များမှ ချေမှုန်းလေ့ကျင့်ခဲ့ခြင်း ဖြစ်ကာ လေ့ကျင့်ခန်း၌ အသုံးပြုသည့် လက်နက်ခဲယမ်း အများစုမှာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းနှင့် စစ်ရေးလေ့ကျင့်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

(Photo - cincds)
.

တပ်မတော်အနေဖြင့် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကို ၉ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းက တပ်မတော် (ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း(ဆင်ဖြူရှင်)ကို ပြုလုပ်ခဲ့သည်။

(Photo - cincds)

No comments:

Post a Comment

Recent Tube