ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ



ခွန်အာကာ (ကျောက်တလုံးကြီး)
.
(၁၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာ၊ နောင်ကားဘောလုံးကွင်း၌ ဇန်န၀ါရီလ ၂၀ ရက် က ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ NGO /INGO အဖွဲ့များ၊ ဆုရဘောလုံးအသင်းနှင့် ဒေသခံတိုင်းရင်းသားမိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
အငယ်တန်း အမျိုးသမီးဗိုလ်လုပွဲကို ဇန်န၀ါရီလ ၂၀ ရက် နံနက် ၉ နာရီက ဖရဲ (က) FC အသင်း နှင့် ပွဲု;လောင် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဖရဲ(က) FC အသင်းက ပွဲု;လောင်(ခ)အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဆုပေးပွဲအား ဆက်လက်ကျင်းပရာ လူသစ်တန်းပြိုင်ပွဲ ဆုရအသင်းများ၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် (၁၉)ကြိမ်မြောက် ၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဖလားတွင် တာဝန်ယူကိုင်တွယ်ပေး သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများနှင့် ဖွင့်ပွဲနေ့တွင် ၀င်ရောက်ဖျော်ဖြေပေးသည့် ပအိုဝ်းအမျိုးသား တပ်မတော် (P.N.A)ဘင်ခရာအဖွဲ့တပ်ဖွဲ့တို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats