ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့်ကူညီစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့မှုများ လိုအပ်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့်ကူညီစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့မှုများ လိုအပ်နေဟု ဆို



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖွဲ့စည်းထားသော ရင်ခွင်မဲ့ ကလေးလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့မှုများ လိုအပ်နေသည်ဟု အဆိုပါ အသင်း၏ ဥက္ကဌ ဖြစ်သူ ဒေါ်နာတာရီထံမှ သိရသည်။
.
.
ကျိုင်းတုံမြို့နယ် ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းအား ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က စတင်ဖွဲ့ စည်းခဲ့ပြီး မြို့ပေါ်ရှိ စီးပွားရေးလုပ် ငန်းရှင် အမျိုးသမီးများ၏ ထောက်ပံ့ လှူဒါန်းပေးသည့် ရန်ပုံငွေဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကာ အသင်း ၏ ရည်ရွယ်ချက်လုပ်ငန်းများ အောင် မြင်စေရေးအတွက် အသင်းဝင်အင်အား တိုးတက်ရေးနှင့် စေတနာရှင်များ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
.
''ကျွန်မတို့အသင်းမှာ အသင်း ဝင်အင်အား တိုးတက်ရေးနဲ့ လုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့အတွက် ဆိုရင် ဌာနဆိုင်ရာတွေ၊ အရပ်ဘက် လူမှု ရေးအသင်းအဖွဲ့တွေနဲ့ စေတနာရှင် တွေရဲ့ ပူးပေါင်းကူညီပေးမှု လိုအပ်ပါ တယ်။ ရင်ခွင်မဲ့ကလေး လျှော့ချရေး နဲ့ ပတ်သက်လို့ အမျိုးသားရော၊ အမျိုးသမီးပါ ကျယ်ကျယ်ပြန့်ပြန့် အသိ ပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်''ဟု ရင် ခွင်မဲ့ကလေး လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်း၏ ဥက္ကဌဖြစ်သူ ဒေါ်နာတာရီးနာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အဆိုပါအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်နန်းရွှေလေးမှလည်း ''အမျိုးသမီးတွေ ခိုကိုးရာမဲ့ သွားတဲ့ အိမ်ထောင်စုတွေမှာ ရင်ခွင် မဲ့ကလေးတွေကို တွေ့ရနိုင်ပါတယ်။ အမျိုးသားက ဥပဒေမဲ့အလုပ်ကို ကျူး လွန်ပြီး ထောင်ကျသွားတာ၊သေဆုံး သွားတာနဲ့ ရပ်ဝေးမှာ သွားရောက်အလုပ်လုပ်ရင်းကနေ မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားတာမျိုးတွေ အတွက် ပညာပေးတာနဲ့ မိသားစုဘ ဝတွေကို ဖရိုဖရဲ ဖြစ်မသွားအောင် လုပ်ပေးနိုင်ဖို့ လိုအပ်ပါမယ်''ဟု ¤င်း ၏ အမြင်ကို ပြောသည်။
.
ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းအင်း ကျေးရွာအုပ်စုမှ မိခင်ကွယ်လွန်၍အ သက်ရှင်ကျန်ခဲ့သည့် ၂၂ ရက်သား အရွယ် ကလေးငယ်တစ်ဦးနှင့် ကျိုင်း တုံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါး ကုသမှု ခံယူနေရသည့် မိဘမဲ့ က လေးငယ်များအတွက် လိုအပ်သည့် အထောက်အပံ့ အကူအညီများကိုပေးအပ်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats