ပင်းတယတွင် ဘုရားဖူး၊ ခရီးသွား များပြားစွာ ဝင်ရောက်နေသည့်အတွက် မြင်းအပျော်စီးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယတွင် ဘုရားဖူး၊ ခရီးသွား များပြားစွာ ဝင်ရောက်နေသည့်အတွက် မြင်းအပျော်စီးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ခရီးသွားရာသီကာလဖြစ်သော ၂ဝ၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ ပြည်တွင်း/ပြည်ပ ဘုရားဖူး၊ ခရီးသွားများ များပြားစွာ လာရောက်လည် ပတ်လျက်ရှိရာ မြင်းအပျော်စီးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
''အရင်က ပန်းရံအလုပ်လုပ်ပါတယ်။ တစ်နေ့ဝင်ငွေ ၇ဝဝဝ ကျပ်ရ ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေဘူး။ အခု မြင်းစီးလုပ်ငန်း လုပ်တော့ တစ်နေ့အနည်း ဆုံးဝင်ငွေ ၁၅ဝဝဝ ကျပ်ရပါတယ်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်တို့၊ သင်္ကြန် ရုံးပိတ်ရက်တို့ဆို တစ်နေ့ ၇ဝဝဝဝ ကနေ ၁၅ဝဝဝဝ အထိရ တတ်တဲ့အတွက် မိသားစုစားဝတ်နေရေး၊ စီးပွားရေးအတွက် အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပိတ်ရက်အတွင်းမှာကို ၇ဝဝဝဝဝ လောက်ရခဲ့ပါတယ်။ မြင်းအပျော်စီးတဲ့ လုပ်ငန်းဟာလည်း ခရီးသွားတွေကို ဆွဲဆောင်ပြီး ပင်းတယရဲ့ အလှကိုလည်း ဖော်ဆောင်ပါတယ်''ဟု မြင်းအပျော်စီး လုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းကိုကိုငြိမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား တောင်ခြေရှိ နှစ်ပေါင်း ရာကျော်သက်တမ်းရှိ ညောင်ပင်တန်း အပန်းဖြေနေရာများ၌ မြင်းစီးခြင်း၊ ရှု ခင်းအလှဓာတ်ပုံ ရိုက်ကူးခြင်းလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံပြည်သူများမှာ ဧည့်သည် များပြားစွာဝင်ရောက်နေမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိ ရှိရသည်။
.
ပင်းတယမြို့ပေါ် ရပ်ကွက်များရှိ မြင်းလှည်းဖြင့် ခရီးသည်များနှင့် ကုန်ပစ္စည်းများ ပို့ဆောင်သည့် လုပ်ငန်းများမှာ အလုပ်အကိုင် ရှားပါးလာသဖြင့် မိသားစုဝင်ငွေမှာလည်း ကျပ်တည်းလာသောကြောင့် ရွှေဥမင်သဘာဝလိုဏ်ဂူ ဘုရားတောင်ခြေရှိ ညောင်ပင်တန်း အပန်းဖြေနေရာများ၌ မြင်းအပျော်စီးသည့် လုပ်ငန်း၊ မြင်းနှင့်တွဲဖက်၍ အလှဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများအား ပြောင်းလဲလုပ်ကိုင်လာရာ နေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
.
ထိုကဲ့သို့ မြင်းဖြင့် အလှဓာတ်ပုံ ရိုက်ကူးပါက လူကြီး၊ ကလေးတစ်ဦး လျှင် ၁ဝဝဝ ကျပ်နှင့် အပျော်မြင်းစီးခြင်း အတွက် ခရီးအနီးအဝေးပေါ် မူ တည်၍ ၂ဝဝဝ ကျပ်မှ ၃ဝဝဝ ကျပ် အထိ ရရှိကြောင်း သိရသည်။
.
မြင်းအလှစီး လုပ်ငန်းလုပ်ကိုင်သူများမှာ ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် တစ်နေ့ဝင်ငွေ ကျပ် ၇ဝဝဝဝ မှ ၈ဝဝဝဝ အထိ ရရှိခဲ့ပြီး မြန်မာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဝင် ငွေ ကျပ် ၁ သိန်းခွဲအထိ ရရှိကာ မိ သားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats