လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး အပါအ၀င် အရာရှိ ၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး အပါအ၀င် အရာရှိ ၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်


ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးလွင်မင်း အပါအ၀င် အရာရှိ ၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ သဲကုန်းမြို့မရဲစခန်းတွင် ဇန်န၀ါရီလ ၂၄ ရက်တွင် အမှုဖွင့်ထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ACC)က ထုတ်ပြန်ခဲ့သည်။
.
သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်များထံမှ အုတ် ထုတ်လုပ်မှုအတွက် ငွေများ ကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုး ရယူသုံးစွဲနေသည့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းအား အရေးယူပေးရန် သဲကုန်းမြို့နယ်၊ အင်းမမြို့နေ နစ်နာသူတို့က တိုင်ကြားမှုကြောင့် ACC မှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးလွင်မင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်တို့သည် အဂတိလိုက်စားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
.

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဓါတ်သတ္တု ထုတ်လုပ်ခွင့် လုပ်ငန်း လိုင်စင်ပြုလုပ်ရန် အတွက် မြေစာရင်း ပုံစံ(၁၀၅)/(၁၀၆) ရရှိရေး ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်သည် ဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသော ငွေကျပ် ၆၅၀၀၀ဝ ကို လက်ခံ ရယူခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းသည် မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် ၃၇ သိန်းကို လက်ခံရယူခဲ့ခြင်းနှင့် ၂၀၁၇-၂၀၁၈ အုတ်ဖုတ် ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ဓါတ်သတ္တုခွန် အဖြစ် ဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသော ငွေကျပ် ၂၂၄၄၀၀ဝ ကို ရယူခဲ့ခြင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှသည် ၂၀၁၇-၂၀၁၈ အုတ်ဖုတ် ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ကောက်ခံ ရရှိငွေများအနက် ငွေကျပ် ၈ သိန်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်း ကောက်ခံရာမှ ရရှိ ငွေကျပ် ၄ သိန်းတို့အား ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားကြခြင်း ဖြစ်ခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ရုံး စတင် ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်ကြားစာပေါင်း ၁၀၇၄၇ စောင် ရှိခဲ့ပြီး ယင်းအနက် ရှမ်းပြည်နယ်မှ စောင်ရေ ၅၀၀ ရှိကြောင်း သိရသည်။

Journal Download

Photo of three cats