တောင်ကြီးမြို့ပေါ်ရှိ ပလက်ဖောင်းများပေါ်တွင် ကျူးကျော် ရောင်းချနေသည့် ဈေးဆိုင်ခန်းများအား အရေးယူရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ ပလက်ဖောင်းများပေါ်တွင် ကျူးကျော် ရောင်းချနေသည့် ဈေးဆိုင်ခန်းများအား အရေးယူရန် လိုအပ်နေ

ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ လူသွားစင်္ကြန် ပလက်ဖောင်းများပေါ်တွင် ကျူးကျော် ရောင်းချနေသည့် ဈေးဆိုင်ခန်းများ အား အများပြည်သူသွားလာရေး အဆင်ပြေနိုင်စေရန်အတွက် သက် ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေး အရေးယူပေးရန် လိုအပ်နေသည်ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှဦးတင်မောင်တိုးက ဝေဖန်ပြောကြားခဲ့သည်။
.
.
''ပလက်ဖောင်းတွေပေါ်မှာ ဈေးရောင်းချနေတာက တော်တော်လေး ဆိုးနေတယ်။ တစ်မြို့လုံးပါပဲ။ အဓိက ဖြစ်နေတာက ဈေးနားပတ်ဝန်းကျင်မှာပါ။ လမ်းပေါ်အထိ ကားရပ်ဖို့နေရာတွေ အပိုင်သိမ်းထားတယ်။ ရန် ကုန်မှာဆိုရင် ဒါမျိုးလုပ်ရင် အရေးယူခံရတယ်။ စည်ပင်မြေမှာ ဒါမျိုးလုပ် လို့မရဘူးလေ။ အခုဟာက ဆိုင်ကို လာတဲ့ ကား၊ ဆိုင်ကယ်တွေပဲရပ်ရမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေချပြီး အပိုင်သိမ်းထားကြတယ်။ စည်ပင်သာ ယာရေး ကော်မတီက ကွင်းဆင်းစစ် ဆေးပြီး အရေးယူရမှာပါ။ ကော်မတီ ကလည်း အားနည်းတယ်။ စည် ပင်သာယာရေးဌာနကလည်း အား နည်းတယ်။ တစ်မြို့လုံးဖြစ်နေတာ ပါ။ ဈေးအနီးတစ်ဝိုက်မှာ ပိုဆိုးပါ တယ်။ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ် လမ်းတွေမှာလည်း ဖြစ်ပါ တယ်။ စည်ပင်သာယာရေး ကော်မတီ အနေနဲ့ရော ဌာနအနေနဲ့ပါ အချိန်ပေးပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်'' ဟု ဦးတင်မောင်တိုးက ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
အလားတူ တောင်ကြီးဒေသခံတစ်ဦးမှလည်း ''ဒီလိုကိစ္စတွေကို ထိန်းသိမ်းဖို့ အမြဲတမ်းဝန်ထမ်းတွေ ချပေးရမယ်။ အိမ်ရှင်တွေက ကျူးကျော်တာပဲဖြစ်စေ၊ ဈေးသည်တွေက ကျူးကျော်တာပဲဖြစ်စေ ချက်ချင်းအရေးယူပေးဖို့ လိုအပ်တယ်။ အဲဒီလိုအရေးယူမှုသာ ရှိနေမယ်ဆိုရင် ဘယ်သူမှ ကျူးကျော်ရဲမှာ မဟုတ်ဘူး။ အခုက တစ်ရက်နှစ်ရက် လာပြောလိုက်၊ တစ်လနှစ်လလောက် လွှတ်ထားလိုက်ဆိုတော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဥပဒေရှိတယ်ဆိုရင် ဥပဒေအတိုင်းလုပ်ပါ။ အများပြည်သူ သွားလာမှု အဆင်ပြေရေးကို ကြည့်ရမှာပါ။ တချို့ဆိုင်တွေက တော်တော်လေးဆိုး တယ်။ ရပ်တဲ့ဆိုင်ကယ်တွေ၊ ကား တွေကို ထွက်မောင်းထုတ်တဲ့အထိ လုပ်နေကြတယ်။ တက်ခေတ်လမ်းထဲ မှာဆိုရင် အဝတ်အစားဆိုင် တစ် ဆိုင်တစ်ခုက သူတို့ဆိုင်ရှေ့ ကားတွေ၊ ဆိုင်ကယ်တွေသွားရပ်လို့မရဘူး။ ဆိုင်ကယ်ဆိုရင် ထွက်ပြီးကန်လှဲ လိုက်တာတွေရှိတယ်''ဟု ပြောကြား ခဲ့သည်။
.
အဆိုပါပလက်ဖောင်းများပေါ်တွင် ကျူးကျော်ဆိုင်ခင်းရောင်း ချနေသည့် ဈေးဆိုင်များအပြင် အများပြည်သူပိုင် လမ်းမကြီးများပေါ်တွင် ''ဆိုင်သို့လာသောယာဉ်များသာ''ဟူ ၍ ဆိုင်းဘုတ်များ ချထားပြီး အခြား မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ လာရောက် ရပ်နားပါက မောင်းထုတ်သည့် ဆိုင်ခန်းများလည်း ရှိနေပြီး ယင်းကဲ့သို့ ဆိုင်းဘုတ်များ ချထားခြင်းကိုလည်း အရေးယူရန် လို အပ်နေသည် တောင်ကြီးမြို့ဒေသခံ များက ပြောဆိုလျက်ရှိကြောင်း သိရ သည်။
.

Journal Download

Photo of three cats