အေးသာယာ၌ ဖွင့်လှစ်ထားသည့် စမ်းလပမာ မိဘမေတ္တာပရဟိတဂေဟာရှိ မိဘမဲ့ကလေးများအတွက် အလှူရှင်များလိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာ၌ ဖွင့်လှစ်ထားသည့် စမ်းလပမာ မိဘမေတ္တာပရဟိတဂေဟာရှိ မိဘမဲ့ကလေးများအတွက် အလှူရှင်များလိုအပ်နေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၆) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် စမ်းလပမာ မိဘမေတ္တာ ပရဟိတဂေဟာရှိ မိဘမဲ့ကလေးများအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး အလှူရှင်များ လိုအပ်နေသည်ဟု သိရသည်။
.
.
“ကျောင်းသား/သူ အားလုံး ၈၀ ကျော်ရှိပါတယ်။ လက်ရှိအချိန်မှာ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် အခက်အခဲ ရှိနေတယ်။ နေရေးထိုင်ရေးအတွက်လည်း အခက်အခဲ ရှိနေတယ်။ ကိုယ်တိုင်ကလည်း ကျောင်းစဖွင့် ကတည်းက အလှူခံခဲ့တာမရှိဘူး။ အခုလက်ရှိမှာတော့ အစားအသောက်တွေတော့ ကျောင်းကိုလာလှူင်ကြတဲ့ အလှူရှင်တွေနဲ့ပဲ ရပ်တည်နေတာပါ။ ကိုယ်ရဲ့လုပ်ရပ်ကို သဘောကျလို့ လာလှူကြတဲ့ အလှူရှင်တွေ၊ စေတနာ သဒ္ဓါတရားပေါက်လို့ လာလှူကြတဲ့ အလှူရှင်တွေနဲ့ပဲ ရပ်တည်လည်ပတ်နေတာပါ” ဟု စမ်းလပမာ မိဘမေတ္တာ ပရဟိတဂေဟာမှ ဆရာတော်အရှင် မာနိတ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
အဆိုပါဂေဟာတွင် ကျောင်းသား ၅၀ ဦး၊ကျောင်းသူ ၃၀ ဦးနှင့် ၉ လသားအရွယ်ကလေးငယ် ၁ ဦးတို့ကို ကျွေးမွေး စောင့်ရှောက်၊ ပညာသင်ကြားပေးထားပြီး နည်းပညာတက္ကသိုလ်မှ ပထမနှစ် ကျောင်းသားတစ်ဦး၊ တတိယနှစ် ကျောင်းသားတစ်ဦးတို့ကိုလည်း ပညာသင်စရိတ်ထောက်ပံ့ပေးထားကာ ဂေဟာရှိ ကျောင်းသား/သူများ ပညာ သင်ကြားနိုင်ရန်အတွက် ဆရာမ ၈ ဦးအား လစာပေးချေရန်နှင့် ကလေးများ နေထိုင်ရန်အတွက် မြေနေရာ အခက်အခဲရှိနေခြင်းတို့ကြောင့် အလှူရှင်များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျောင်းတည်ထောင်ထားတဲ့ ရည်ရွယ်ချက်က ကလေးတွေကို ပညာအမွေပေးမယ်။ အဲဒီပညာရပ်နဲ့ ဒီကလေး တွေက နိုင်ငံတော်နဲ့ ပြည်သူလူထုကို အကျိုးပြုတဲ့ ခေါင်းဆောင်တွေ ဖြစ်လာစေချင်တယ်။ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း ထူးချွန်ထက်မြက်တဲ့ စီးပွားရေးပညာရှင်တွေ ဖြစ်လာအောင် ဆိုပြီးတော့ ပညာသည် လူထု၏ ဥစ္စာ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးနေတာပါ”ဟု ဆရာတော် အရှင်မာနိတ က ဆက်လက်မိန့်ကြားခဲ့သည်။
.
စမ်းလပမာ မိဘမေတ္တာပ ပရဟိတဂေဟာ၌ ကလေးများပညာသင်ကြားရေး၊ စားသောက်နေထိုင်ရေးနှင့် အခြား အထွေထွေကုန်ကျစရိတ်များကို ကျောင်းစဖွင့်သည့်အချိန်မှစတင်၍ အလှူငွေကောက်ခြင်းမရှိဘဲ ကျောင်းသို့ လာရောက်လှူဒါန်းသည့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်သာ ရပ်တည်လည်ပတ်လျက်ရှိကြောင်းသိရသည်။
.
အဆိုပါ စန်းလပမာ မိဘမေတ္တာ ပရဟိတဂေဟာကို ၂၀၁၃ ခုနှစ်၊ မေလအတွင်းက စတင်ဖွင့်လှစ်ထူထောင် ခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုချက် ရရှိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats