ရှမ်းတောင် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ရှေ့ ပြေးမီးတန်းမော်တော်ဆိုင်ကယ် ၅ စီး ပေးအပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ရှေ့ ပြေးမီးတန်းမော်တော်ဆိုင်ကယ် ၅ စီး ပေးအပ်လှူဒါန်း



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်) သို့ AUNG KENBO ကုမ္ပဏီလီမိတက်မှ KENBO (CBR-150) အမျိုးအစား ရှေ့ပြေးမီးတန်းမော်တော်ဆိုင်ကယ် ၅ စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၈ ရက်၊ နံနက်ပိုင်းက အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ရှေ့ ပြေးမီးတန်းဆိုင်ကယ်တွေကို နိုင်ငံတော် အကြီးအကဲတွေရဲ့  ခရီးစဉ်တွေ၊ နိုင်ငံတော်ရဲ့  အခမ်းအနားတွေမှာ အသုံးပြုသွားမယ်။ စည်းကမ်းမဲ့ယာဉ်တွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုမယ်။ ပြည်သူတွေ ယာဉ်ကြော ကြပ်တည်းတဲ့နေရာတွေမှာ ယာဉ်ကြောရှင်းလင်းရေးမှာ အသုံးပြုမယ်။ ပွဲတော်တွေ၊ အခမ်းအနားတွေမှာ ယာဉ်ရှင်းလင်းရေးလုပ်တဲ့နေရာမှာ အသုံးပြုတယ်။  အခုလို လှူဒါန်းတဲ့အတွက် အလုပ်ပိုလုပ်လို့ ရတယ်။ အရင်ကထက်စာရင် ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်လို့ရမှာပေါ့” ဟု အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယခင်က ဆူဇူကီး ဆိုင်ကယ် ၃ စီး၊ LIFAN ဆိုင်ကယ် ၄ စီး၊ XGJAO ဆိုင်ကယ် ၂ စီး၊ စုစုပေါင်း ၉ စီးသာ ရှိပြီး လက်ရှိတွင်  လှူဒါန်းသော KENBO (CBR-150) ၅ စီးနှင့် စုစုပေါင်း ၁၄ စီး ရှိကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
.
အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးလက်အောက်ရှိ တောင်ကြီးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုတွင် ရှေးပြေးမီးတန်းဆိုင်ကယ် ၃ စီး၊ လွိုင်လင်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုတွင်  ရှေးပြေးမီးတန်းဆိုင်ကယ် ၃ စီး၊ လင်းခေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုတွင် ရှေးပြေးမီးတန်းဆိုင်ကယ် ၃ စီး ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးတွင် ရှေးပြေးမီးတန်းဆိုင်ကယ် ၅ စီး ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)တွင် ယာဉ်ထိန်းအင်အား အရာရှိ ၂၁ ဦး၊ အခြားဆင့် တပ်ဖွဲ့ဝင် အမျိုးသား/အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၁၀၄ ဦးရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats