မိုင်းတုံမြို့နယ်ရှိ ပန်ကျိုင်းကျေးရွာသစ် မြေနေရာအား သစ်တောဧရိယာမှ ပယ်ဖျယ်နိုင်ရေး လုပ်ဆောင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံမြို့နယ်ရှိ ပန်ကျိုင်းကျေးရွာသစ် မြေနေရာအား သစ်တောဧရိယာမှ ပယ်ဖျယ်နိုင်ရေး လုပ်ဆောင်နေ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ပန်ကျိုင်း ကျေးရွာသစ်မြေနေရာအား သစ်တော ဧရိယာမှ ပယ်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ နေပြည်တော်ရှိ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီ ကျော်နှင့် သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက် ပျိုးရေး ဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.
''တောင်ပေါ်ရွာတွေကနေ မြေ ပြန့်ဆင်းလာကြတဲ့ ကျေးရွာသစ်တွေအတွက် ရွာနေရာအတည်ပြုနိုင်ရေး ကွင်းဆင်းကြည့်ရှုတာပါ။ ကျေးရွာက နောက်ထပ် ဧက ၈ဝ လိုတယ်တင်ပြပေမယ့် ညွှန်ချုပ်ကတော့ ထပ်မံတိုး ချဲ့ခြင်း မပြုလုပ်ဖို့ ပြောပါတယ်။ နိုင်ငံတော်အဆင့်ကို တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်''ဟု မိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖိုးချိုက ပြောသည်။
.
မိုင်းတုံမြို့နယ်အတွင်း သစ်တော ကြိုးဝိုင်း ၆ ခု ရှိရာ ယင်းတို့မှာ မဲကင်ဂူကြိုးဝိုင်း၊ မိုင်းကန်ကြိုးဝိုင်း၊ လွယ်ပွတ်ကြိုးဝိုင်း၊ နမ့်ဆိုင်ကြိုးဝိုင်း၊ နမ့်ညှင်းကြိုးဝိုင်းနှင့် နမ့်ဆာကွန်းကြိုး ဝိုင်းတို့ ဖြစ်ပြီး သစ်တောကြိုးဝိုင်း ဧ ရိယာ စုစုပေါင်း ၁ဝ၈၃၉၁၈ ဒသမ ဝ၆ ဧက ရှိရာ ယခုကျေးရွာမြေ နေ ရာအဖြစ် သတ်မှတ်ပေးမည့် ဧရိယာ မှာ နမ့်ဆိုင်ကြိုးဝိုင်းအတွင်း ပါဝင်ပြီး ထပ်မံတောင်းခံသည့် မြေဧကများအ တွက်မူ သစ်တောသစ်ပင်များ ရှိနေ သည့်အပြင် အာဆီယံကတိကဝတ်အ ရ တစ်နိုင်ငံလုံး၏ ၃ဝ ရာခိုင်နှုန်း ကြိုးဝိုင်းသစ်တောများ ရှိနေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောအတွက် ၁ဝ ရာခိုင်နှုန်း ရှိရမည်ဖြစ်သဖြင့် ပေးနိုင်ရန် ခက်ခဲ မည်ဖြစ်သည်ဟု သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူထုနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့ သည် မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေး ရွာအုပ်စု၊ ပန်ကျိုင်းကျေးရွာ မူလတန်း ကျောင်း၌ လူထုနှင့် တွေ့ဆုံရာ တွင် ပြည်နယ်ဝန်ကြီးဒေါက်တာ ညီညီအောင်မှ ပန်ကျိုင်းကျေးရွာ မြေဧက ၂၁၄ ဧကအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့ နှင့် စပ်လျဉ်းသည့် အကြောင်းအရာ များအား ဆွေးနွေးခဲ့ပြီး၊ သစ်တော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီ ကျော်မှ သစ်တောကြိုးဝိုင်း ပယ်ဖျက် ဧရိယာ ၂၁၄ ဧက ထက်ပိုမိုတိုးချဲ့ ခြင်း မပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ သည်ဟု သိရသည်။
.
ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြင့်သန်း၊ စိုက်ပျိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုးနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေး အေးမြင့်တို့က ဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မြို့ပြအိမ်ရာ ဖွံ့ဖြိုး တိုး တက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပန်ကျိုင်းကျေးရွာသစ်သို့ တောင်ပေါ်အုပ်စု ကျေးရွာများဖြစ်သည့် ပန်မ၊ ပါခါး၊ နောင်လွဲ၊ ဂေါ်တော၊ မုံးအစ်၊ ပါချီးကျကျီးလုံ၊လွယ် ခမ်းလုံ စသည့် ရွာပေါင်း ၂ဝ မှ အိမ် ထောင်စုဝင်အချို့ ပြောင်းရွှေ့လာ ကြရာ အိမ်ကွက် ၂၅၆ ကွက်တွင် လူဦးရေ ၁၁၂၈ ဦး နေထိုင်ရန် လျာ ထားသော်လည်း ထပ်မံပြောင်းရွှေ့ လာနိုင်ရန် ရှိနေကြကြောင်း ပယ် ဖျက်ခွင့် ရရှိပြီးပါက အကွက်များ ညီ မျှစေရန် မြေကွက်များ ပြန်လည်ချ ထားပေးရန် ရှိမည်ဖြစ်ကြောင်း ရေရ ရှိရေးအတွက် နယ်စပ်ဒေသ တိုင်း ရင်းသားလူမျိုးရေးဌာနမှ ဆောင်ရွက် ပေးသွားရန်ရှိကြောင်း တို့ကို ကျေး ရွာလူထုနှင့် ဌာနဆိုင်ရာများ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
.
ပန်ကျိုင်းကျေးရွာသစ် မြေနေရာအား သစ်တောမြေမှ ပယ်ဖျက်ရေးအ တွက် ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီ ညီအောင်၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာညီညီ ကျော်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်း မိုး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးမြင့်တို့ လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ပန်ကျိုင်းကျေးရွာ လူထုတွေ့ဆုံပွဲတွင် ကျေးရွာသားလူထု ၆ဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats