တာချီလိတ်တွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ် တစ်စီး နောက်သို့ပြန်လိမ့်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ် တစ်စီး နောက်သို့ပြန်လိမ့်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီရွာနှင့် အားရဲရွာသွား ကားလမ်း၊ ကုန်းတက်တွင် ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းက မော်တော်ယာဉ် တစ်စီး နောက်သို့ပြန် လိမ့်တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့၊ အမှတ်(၁၁၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။
.
.
တာချီလိတ်မြို့အရှေ့ဘက် ၁၁ မိုင်ခွဲ ခန့်အကွာရှိ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီရွာနှင့် အားရဲရွာသွား ကားလမ်းမ ပေါ်တွင် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်ထားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်နိုင် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အားရဲရွာဘက်မှ မေတွီရွာဘက်သို့ အောင်ဆုတင် မောင်းနှင်လာသော Nissan အမျိုးအစား၊ အပြာရောင် ၁ဝ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ ကုန်းတက် အရောက် နောက်သို့ပြန်လိမ့်ပြီး လမ်းယာဘက်သို့ တိမ်းမှောက်ကာ ယာဉ်မောင်း အောင်ဆုတင်မှာ ရရှိဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''အခင်းဖြစ်နေရာက တောင်ဆင်းတောင်တက်များပြီး ကုန်းအတက်မှာ မော်တော်ယာဉ်က စက်အရှိန်ရပ်ပြီး နောက်ပြန်လိမ့် တိမ်းမှောက်သွားခဲ့တာပါ။ သွေးထွက် ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့တယ်''ဟု အမှတ်(၁၁၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ အောင်ဆုတင် (၃ဝ နှစ်)၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူ ယာဉ်တိမ်းမှောက်သေဆုံးခြင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက ယာဉ်(ပ) ၁/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
.

Journal Download

Photo of three cats