ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသို့ ၂ဝ၁၈ တစ်နှစ်တာအတွင်း တိုင်ကြားမှု ၃၇ မှု ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသို့ ၂ဝ၁၈ တစ်နှစ်တာအတွင်း တိုင်ကြားမှု ၃၇ မှု ရှိ



ဇွဲလေး
.
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်းကြားမှု စုစုပေါင်း ၃၇ မှု ဖြစ်ပွား ခဲ့ပြီး ၂ဝ၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။
.
.
''တိုင်းကြားမှုတွေကို တရားဥပ ဒေအကြောင်းအရ အရေးယူတာ တော့ မရှိခဲ့ပါဘူး။ ထိထိရောက် ရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာ တွေတော့ အများကြီးရှိပါတယ်။ တန် ဖိုးနဲ့ ညီမျှတဲ့ ဝန်ဆောင်မှု မပေးတာ တွေ၊ ကားလက်မှတ်တွေကို သတ် မှတ်ကြေးထက် ပိုမိုရောင်းချတာတွေ၊ ငွေဖြည့်စက်တွေ ချို့ယွင်းပြီး အငြင်း ပွားမှု ဖြစ်တာတွေကို ထိထိရောက် ရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ ဒါတွေက တိုင်ကြားမှုကြောင့် အရေးယူ ဆောင်ရွက်တာ ဖြစ်ပါ တယ်။ စစ်ဆေးဆောင်ရွက်တာက တော့ စားသုံးဆီနဲ့ မြေသြဇာ၊ ပိုးသတ် ဆေးကိစ္စပါ။ ဒါကိုတော့လက်ရှိအချိန် အထိ အရေးယူဆောင်ရွက်မှု မရှိ သေးပါဘူး''ဟု ရှမ်းပြည်နယ် စားသုံး သူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနသို့ ၂ဝ၁၈ ခုနှစ် တစ်နှစ် တာအတွင်း တိုင်ကြားမှုပေါင်း ၃၇ မှု ဖြစ်ပွားခဲ့ကာ ၂ဝ၁၇ ခုနှစ်တွင် တိုင်ကြားမှုပေါင်း ၂ဝ မှုနှင့် ၂ဝ၁၆ ခုနှစ်တွင် တိုင်ကြားမှု ၂ မှုသာ ရှိခဲ့သဖြင့် တိုင်ကြားမှုနှုန်း နှစ်စဉ်မြင့် တက်လာနေကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်စားသုံးသူ ရေးရာ ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခု နှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ လ ၃၁ ရက်အထိ တစ်နှစ်တာကာ လအတွင်း သက်တမ်းလွန်နှင့် စား သုံးရန်မသင့် စားသောက်ကုန်များ၊ ဆေးဝါးများ လူသုံးကုန် ပစ္စည်းများ သိမ်းဆည်း၊ ဖျက်သိမ်းဖျက်ဆီးမှု အကြိမ်ရေ ၁၄ဝ ကြိမ် ပြုလုပ်ခဲ့ ပြီး သိမ်းဆည်း၊ ဖျက်ဆီးခဲ့သော ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း ၃၂ဝဝ ကျော် ရှိကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ် စားသုံး သူရေးရာ ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွင်း မြေပြင် ကွင်းဆင်းစိစစ်မှု ပေါင်း ၇ဝ၅ ကြိမ် ပြုလုပ်ခဲ့ကာ အသိပညာပေး ဟော ပြောဆွေးနွေးမှုပေါင်း ၂၆၉ ကြိမ်ပြု လုပ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ နှင့် ၁၃၁ ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats