ကျောက်မဲ တိုးလ်ဂိတ်တွင် ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, January 27, 2019

ကျောက်မဲ တိုးလ်ဂိတ်တွင် ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်၊ အိုရီယမ်တယ်တိုးလ်ဂိတ်တွင် ဇန်န၀ါရီလ ၂၆ ရက်၊ မွန်းလွဲပိုင်းက သီပေါဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ တန်ဖိုး ငွေကျပ် သိန်း ၂၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့၊ အိုရီယမ်တယ်တိုးဂိတ် တာဝန်ကျ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၂၆ ရက်၊ မွန်းတည့် ၁၂  နာရီ ခန့်က သီပေါဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ကုန်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း နှင့် ၎င်း၏ဇနီးဖြစ်သူ လင်မယား ၂ ယောက်ကြားရှိ အိတ်အတွင်းမှ WY စာတ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ယာဉ်မောင်း၏ပြောကြားချက်အရ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ယခုဖမ်းဆီးခံရသည့် ယာဉ်ဖြင့် မန္တလေးမှ သီပေါသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့်အလုပ်လုပ်ကိုင်နေခဲ့ပြီး ဇန်န၀ါရီ ၂၅ ရက်တွင် သီပေါမှ မန္တလေးသို့ပြန်ရန်အတွက် ကုန်စောင့်ဆိုင်းနေစဉ် ယခင်က ခင်မင်ဖူးသူ ကိုစိုင်းဆိုသူမှ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးပါက ငွေကျပ် ၅ သိန်းပေးမည်ဟု ပြောဆိုခဲ့ရာ ကုန်မရသဖြင့် သယ်ဆောင်ပေးရန်သဘောတူခဲ့ပြီး သီပေါပန်းခြံတွင် ကိုစိုင်းဆိုသူနှင့်ဆုံကာ မူးယစ်ဆေးဝါးနှင့် သယ်ဆောင်ခ ရယူ၍ ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၉ နာရီတွင် ဇနီးဖြစ်သူအားခေါ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်ရပ်ကွက် နေ ယာဉ်မောင်း မြင့်သိန်း (ခ) ခနီ (၃၉ နှစ်)နှင့် ၎င်း၏ဇနီးဖြစ်သူ သီပေါမြို့၊ ကျင်သီအုပ်စု၊ ပုံဖမ်းကျေးရွာနေ မစန်းစန်းအေး (ခ) ပေါက်ခန (၃၀နှစ်) တို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube